The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိသည့် အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အပါအဝင် ရနိုင်သမျှသောစွမ်းအင် အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေး အထူးအလေးထား၍ စီမံဆောင်ရွက် လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေး မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်ယူရရှိနိုင်ရန် အသေးစားရေအားလျှပ်စစ် နှင့် အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်မည့် နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 03-Dec-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့်ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Dec-2022
NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်သူများမှ အပြစ်မဲ့ လျှပ်စစ်ဝန်ထမ်းတစ်ဦးအား လုပ်ကြံပစ်ခတ်ခဲ့မှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အခြေခံအဆောက်အအုံများအား တိုက်ခိုက်ဖျက်ဆီးမှုအခြေအနေများအား သတင်းထုတ်ပြန်ခြင်း
 ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ဖြန့်ဖြူးဆောင်ရွက်နေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများအား NUG လက်ဝေခံ PDF အကြမ်းဖက်သောင်း ကျန်းသူများ၏ လုပ်ကြံတိုက်ခိုက်ဖျက်ဆီးမှုများကြောင့် (၂၉-၁၁-၂၀၂၂) ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်လျှပ်စစ်ရုံး၌ တာဝန် ထမ်း‌ဆောင်လျက်ရှိသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာသည် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ကျိုက်ထိုမြို့၌ လုပ်ကြံပစ်ခတ်ခံခဲ့ရသဖြင့် အပြစ်မဲ့နိုင်ငံဝန်ထမ်း တစ်ဦးအသက်ဆုံးရှုံးခဲ့ရခြင်း၊ (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့(၁၃)မြို့ ဓာတ်အားပြတ်တောက်ခဲ့ခြင်းနှင့် (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းရှိ (၂၀.၅၄)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင် စက်ရုံမှ ဝန်ထမ်းများအား ခြိမ်းခြောက် ငွေတောင်းခံခဲ့ပြီး ငွေပေးသွင်းခြင်းမရှိပါက အသက် အန္တရာယ်အားခြိမ်းခြောက်ခဲ့သဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ထွက်ခွာခဲ့ရကာ ဓာတ်အားပေးစက်ရုံ အား ရပ်တန့်ခဲ့ရပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းခဲ့ရခြင်းစသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Nov-2022
သတင်းထုတ်ပြန်ချက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Nov-2022
သတင်းထုတ်ပြန်ချက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) (XII International Fourm ATOMEXPO 2022 ) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-Nov-2022