The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်မြို့ရှိ ၂၃၀ကေဗွီ အသုတ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ယင်းပင်မဓာတ်အားခွဲရုံမှ ဓာတ်အားရယူမည့် သာပေါင်းမြို့နယ်၊ ဒရယ်ကူးကျေးရွာ၌ အသစ်တည်ဆောက်လျက်ရှိသော ၆၆ကေဗွီ ဓာတ်အား ခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ပန်းတနော်မြို့ရှိ Global Earth Agro&Aqua Industry Public Company Limited (GEAAI) ၏  စပါးခွံလောင်စာသုံး ဓာတ်အားပေးစက် တည်ဆောက်တပ်ဆင်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးအေးကျော်သည် ပဲခူးတိုင်း ဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 09-Jan-2024
သတင်းထုတ်ပြန်ချက်
 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ၂၃၀ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဧရာဝတီ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးတွင်  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 08-Jan-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြောင်းမြခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေဆုံကြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် မြောင်းမြမြို့ရှိ ၆၆ကေဗွီ ဓာတ်အားခွဲရုံ ၏ လက်ရှိဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 07-Jan-2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများနှင့် ၆၆/၃၃/၁၁ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 06-Jan-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ၂၃၀ကေဗွီ ကမာနတ် ပင်မဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အားခွဲရုံဆိုင်ရာအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 06-Jan-2024