The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Dec-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၃၀ မဂ္ဂါဝပ်သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝ ကျေးရွာအနီးရှိ အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Dec-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ Microsoft Office (Excel) ကွန်ပျူတာ ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ Microsoft Office (Excel) ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း ဆင်းပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ ( ၂၆ ) ရက်နေ့ ၊ နံနက် ( ၉:၃၀ ) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေးနည်း စနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Nov-2021
2nd Belt and Road Energy Ministerial Conference သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင် တက်ရောက်
2nd Belt and Road Energy Ministerial Conference ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ National Energy Administration မှ ကြီးမှူး၍ Virtual Format နှင့် In-person ပုံစံ နှစ်မျိုးစလုံးဖြင့် တက်ရောက် နိုင်သော Hybrid Mode ဖြင့် ကျင်းပလျက်ရှိရာ အဆိုပါကွန်ဖရင့်သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ဌာနအကြီးအကဲများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Oct-2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် ရုရှားအစိုးရပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိသူများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများအား
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန်ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နံနက်(၁၀:၀၀)နာရီ အချိန်၌ ရုရှားအစိုးရပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်းတွင်း/ကမ်းလွန်လုပ်ကွက်များကို ရှာဖွေတူးဖော်ထုတ်လုပ် နိုင်ရေး၊ အစိုးရအချင်းချင်း တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်နိုင်ရေး အစီအစဉ်များနှင့်ပတ်သက်၍ ချမှတ် ဆောင်ရွက်နိုင်ရန် Working Groups များဖြင့် ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 16-Oct-2021