အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေး (၂၀၂၂) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာနအုပ်ချုပ်မှုကောင်စီအစည်းအဝေးများကျင်းပ
အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေး (၂၀၂၂) (SPECIAL SENIOR OFFICIALS MEETING ON ENERGY (SPECIAL SOME) -2022) နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဗဟိုဌာန (ASEAN CENTRE FOR ENERGY – ACE) အုပ်ချုပ်မှုကောင်စီအစည်းအဝေးတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ဘရူနိုင်းနိုင်ငံမှအလှည့်ကျဥက္ကဌအဖြစ် Video Conferencing စနစ်ဖြင့်ကြီးမှူးကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) ဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်ဦးသန်းဇော်နှင့်အတူ စွမ်းအင်ဆိုင်ရာ ကဏ္ဍခွဲအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 27-Jan-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်စမ်းသပ် စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ ထိန်းသိမ်း/ပြုပြင် မောင်းနှင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စမ်းသပ်စစ်ဆေးရေးသင်တန်း၊ ဓာတ်အားခွဲရုံ များ ပြုပြင်/ ထိန်းသိမ်း/ မောင်းနှင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၁)ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ(၁၇)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 17-Jan-2022
နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော မဟာဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြင်ဆင်ရေးဆောင်ရွက်နေမှုအပေါ် အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း
နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော မဟာဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြင်ဆင်ရေးဆောင်ရွက်နေမှုအပေါ် အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း
Read More...
Posted under : ဝန်ကြီးရုံး
: 12-Jan-2022
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်း ပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ လက်ရှိ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား လျော့နည်း ပပျောက်မှုကျဆင်းစေရေးတို့အတွက် ခရိုင်အဆင့်လျှပ်စစ်မန်နေဂျာ/ လျှပ်စစ် အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 10-Jan-2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက် သုံးစွဲလျက်ရှိသည့်အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အထူး အလေးထား ဆောင်ရွက်လျက်ရှိရာ ဓာတ်အားပေးစက်ရုံအသစ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်စွမ်းရည် ကျဆင်းနေသည့် ဓာတ်အား ပေးစက်ရုံများအား အဆင့်မြှင့်တင် ပြင်ဆင်ခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 22-Dec-2021