လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စတုတ္ထအကြိမ် ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ
မြန်မာ့ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်းများ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ တိုးပွားစေရန် ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စတုတ္ထအကြိမ် ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုး ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် ရုံးအမှတ် (၂၇)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲထိုးယှဉ်ပြိုင်နေမှုအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာန အကြီးအကဲများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကာ ဆုရရှိသည့်အသင်းများအား ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 04-Feb-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)နှင့် မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ အမှတ်(၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 02-Feb-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ (၃၅၀)မဂ္ဂါဝပ် LNG to Power သီလဝါဓာတ်အားပေး စက်ရုံ စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
၂၀၂၀ ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် အတွင်း ဆောင်ရွက်နေသည့် (၃၅၀)မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဆောင်ရွက်နေမှု အခြေအနေများကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 01-Feb-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ မအူပင်-ညောင်တုန်း ၁၄ လက်မ ၂၀ မိုင် ပိုက်လိုင်းဆက်သွယ်တည်ဆောက်နေမှု အခြေအနေနှင့် ညောင်တုန်း-သာပေါင်း ၁၀ လက်မ ၁၀ မိုင် ပိုက်လိုင်းလမ်းကြောင်းပြောင်း ဆက်သွယ်ဆောင်ရွက်နေမှုတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 01-Feb-2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် The World Bank မှ Senior Energy Specialist ဖြစ်သူ Ms. Claudia Vasquez ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် The World Bank မှ Senior Energy Specialist ဖြစ်သူ Ms. Claudia Vasquez ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 31-Jan-2020