The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် ကုန်းပိုင်းလုပ်ကွက်အမှတ် RSF-5 ရွှေနန်းထိုက်-၁ စတင်တူးဖော်ခြင်း အခမ်းအနားသို့ တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် နိုင်ငံတကာ ကုမ္ပဏီများနှင့်ပူးပေါင်း၍ ရှာဖွေတူးဖော်ရေးလုပ်ငန်းများအား အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၊ ဆူးကော်ဆန်ကျေးရွာအုပ်စု၊ အောင်မြေကုန်းကျေးရွာအနီးရှိ ကုန်းပိုင်းလုပ်ကွက် အမှတ် RSF-5 တွင် ရှာဖွေရေးအစမ်းတွင်း ရွှေနန်းထိုက်အမှတ်-၁ ပေနက်တွင်း စတင် တူးဖော်ခြင်းအခမ်းအနားကို တွင်းတူးမည့်နေရာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 31-Dec-2019
နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက် နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Dec-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေနံချောင်း Off Take Station နှင့် ထောက်ရှာပင်/ကမ်းနီရေနံမြေများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့အနီးရှိ အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ off take station နှင့် ထောက်ရှာပင်/ ကမ်းနီရေနံမြေများသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Dec-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (တောင်ဥက္ကလာ) အား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစု ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် (တောင်ဥက္ကလာ)သို့ ယနေ့နံနက်ပိုင်းတွင်ရောက်ရှိပြီး၊ ရေနံဓာတ်ငွေ့ရည် ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 28-Dec-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် အင်းစိန်မြို့နယ်ရှိ ပင်မသဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်း (ရွာမ)နှင့် CNG အိုးမျာကြံ့ခိုင်မှုစမ်းသပ်စစ်ဆေးသည့် စက်ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပင်မသဘာဝ ဓာတ်ငွေ့ထိန်း/ဖြန့်စခန်း (ရွာမ) နှင့် သဘာဝဓာတ်ငွေ့ (CNG) အိုးများ ကြံ့ခိုင်မှုစစ်ဆေးသည့် စက်ရုံ တို့အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Dec-2019