The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် ကလောမြို့တို့ရှိ ၁၃၂ကေဗွီ ပင်မဓာတ်အားခွဲရုံများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ရှိ ၆၆ကေဗွီရမည်းသင်းဓာတ်အားခွဲရုံ အသစ် တည်ဆောက်ပြီးစီးနေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 06-Nov-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့်အတူ ဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်းရှိ ရုံးနှင့် ဝန်ထမ်း အိမ်ရာများ၏အခြေအနေ၊ လွိုင်ကော်မြို့သို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ၃၃ကေဗွီ ရွာတန်းရှည် ဓာတ်အားခွဲရုံ ပျက်စီးမှုနှင့် ၃၃ကေဗွီ ဧက (၅၀၀) ဓာတ်အားခွဲရုံ၏ အခြေအနေ၊ ၁၃၂ကေဗွီ လွိုင်ကော်ပင်မဓာတ်အားခွဲရုံ ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ လောပိတရှိ အမှတ်(၂) ဘီလူးချောင်းစက်ရုံအတွင်း တောင်ကျရေ စီးဆင်းဝင်ရောက်မှုကြောင့် ဓာတ်အားထုတ်ပစ္စည်း များနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့မှုများနှင့်ပြုပြင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Nov-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလောမြို့နယ် နှင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတို့တွင် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်း၍ ရေတိုက်စားပြီး ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ရေကြီးနစ်မြုပ်ခဲ့သည့် ထရန်စဖော်မာ နှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်စစ်ဆေးစမ်းသပ်ပြီးစီး၍ ကျေးရွာများသို့ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Nov-2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများအား  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Oct-2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည့်သတင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမစွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်သို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ကွန်ဖရင့်၏ပထမနေ့ နံနက်ပိုင်း အစီအစဉ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Oct-2024