The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးစာချုပ်ချုပ်ဆိုရန် ညှိုနှိုင်းဆွေးနွေးမှုများ ပြီးမြောက်ကြောင်း အသိအမှတ်ပြု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပပြုလုပ်
ဒုတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့သို့ ရောက်ရှိနေသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂ဝ၁၉ ဧပြီလ ၂၈ ရက် နေ့လည်တွင် ပေကျင်းမြို့ Shangrila Hotel တွင်ကျင်းပပြုလုပ်သော ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးစာချုပ်ချုပ်ဆိုရန် ညှိုနှိုင်း ဆွေးနွေးမှုများ ပြီးမြောက်ကြောင်း အသိအမှတ်ပြု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 28-Apr-2019
DSEZ ကော်မတီဥက္ကဋ္ဌမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသို့ သွားရောက်စစ်ဆေးသည့်သတင်း
   ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒေါက်တာထွန်းနိုင်သည် (၂၃-၄-၂၀၁၉) ရက်နေ့ နေ့လည်ပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဝင်များနှင့် အတူ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ ထိုင်းနိုင်ငံ NEDA မှ ချေးငွေရယူကာ အဆင့်မြှင့်တင်ဖောက်လုပ်မည့် ၂-လမ်းသွားကတ္တရာကားလမ်း တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်နေမှုအခြေအနေများအားသိရှိနိုင်ရန်အတွက် မိုင်တိုင်အမှတ် ၁၆/၅ ဖာလုံတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးသက်ဇော်ဝင်းနှင့် အဖွဲ့အားတွေဆုံခဲ့ပြီး လေ့လာဆန်းစစ်မှု အခြေ အနေများ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ အားတွေ့ဆုံမေးမြန်းခဲပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-Apr-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ နှင့် ဝ.၄ ကေဗွီ ဓာတ်အားလိုင်းများမှ ဓာတ်အားဖြန့်ဖြူးမှုခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တနင်္သာရီတိုင်း ဒေသကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူး(ကျွမ်းကျင်) ဦးသန်းစိန်တို့သည် (၂၂-၄-၂၀၁၉) ရက်နေ့ နေ့လည်(၂:၀၀) နာရီခန့်တွင် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ နှင့် ဝ.၄ ကေဗွီ ဓာတ်အားလိုင်းများမှ ဓာတ်အားဖြန့်ဖြူးမှုခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 23-Apr-2019
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ ၆၆/၁၁-၆.၆ ကေဗွီ၊ ၃၀ အမ်ဗွီအေ လှိုင်တက္ကသိုလ် Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ ၆၆/၁၁-၆.၆ ကေဗွီလှိုင်တက္ကသိုလ် Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၊ နံနက် ၀၇:၃၀ နာရီအချိန်တွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 20-Apr-2019
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ 230/66 kV, 100 MVA ဧရာဝဏ်ဓာတ်အားခွဲရုံစီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ 230/66 kV, 100 MVA ဧရာဝဏ်ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 20-Apr-2019