The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ၏(၂၆) ကြိမ်မြောက် ကောင်စီ အစည်းအဝေး ဂုဏ်ပြုညစာစားပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂၇) ရက်နေ့၊ (၁၈:၀၀)နာရီတွင်၊ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ၏(၂၆) ကြိမ်မြောက် ကောင်စီ အစည်းအဝေး ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Oct-2018
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Jiangeu ပြည်နယ်၊ ဆူးကျိုးမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှ စတင်ကျင်းပလျှက်ရှိသည့် Belt and Road Energy Ministerial Conference သို့ တက်ရောက်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Energy Administration မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ကုန်ပစ္စည်းပြပွဲ၊ သုတေသနဌာနများ နှင့် Industrial Park များသို့သွားရောက်ကြည့်ရှု
      တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆူးကျိုးမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက် နေ့မှ စတင်ကျင်းပနေသော Belt and Road Energy Ministerial Conference သို့ တက်ရောက် နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် အောက်တိုဘာလ (၁၉) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Energy Administration (NEA) ၏ Deputy Administrator ဖြစ်သူ Mr. Li Fanrong နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများအခြေအနေနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် စီမံကိန်းများနှင့်ပတ်သက်၍ ရင်းနှီးစွာဆွေးနွေးခဲ့ကြပါသည်။  


Read More...

Posted under : ဝန်ကြီးရုံး
: 21-Oct-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း လျှပ်စစ်နှင့် စွမ်းအင်ကိစ္စရပ်များ ကြည့်ရှုစစ်ဆေး
ကယားပြည်နယ် ဘီလူးချောင်း အမှတ် (၁)၊ (၂)နှင့် (၃) ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတို့မှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်ဖြန့်ဖြူးပေးထားရာမှ ကယားပြည်နယ်အတွင်းရှိ မြို့၊ ရွာများသို့ လျှပ်စစ် ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူလူထုများ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်အတွက် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ၁၃၂ ကေဗွီ လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် တာဝန်ရှိသူများနှင့်အတူ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Oct-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း လျှပ်စစ်နှင့် စွမ်းအင်ကိစ္စရပ်များ ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ရှိ ၁၃၂ ကေဗွီဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ဓာတ်အားခွဲရုံမှူးမှ ပင်မဓာတ်အားခွဲရုံနှင့်ပတ်သက်သည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ သန့်ရှင်းကြံ့ခိုင်မှု ကောင်းမွန်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးသုံးစွဲသူပြည်သူများ ဓာတ်အား ပြတ်တောက်မှု လျော့နည်းပပျောက်စေရေးနှင့် ဗို့အားတည်ငြိမ်ပြည့်ဝစွာရရှိရေးတို့အတွက် အထူးဂရုပြုဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 20-Oct-2018
တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်၊ Suzhou မြို့တွင် ကျင်းပပြုလုပ်သည့် Belt and Road Energy Ministerial Conference အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်
တရုတ်နိုင်ငံ Jiangsu ပြည်နယ်၊ Suzhou မြို့တွင် ရောက်ရှိနေသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်အဖွဲ့သည် တရုတ်နိုင်ငံ အမျိုးသား  စွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration of China - NEA) မှ ဦးဆောင်ကျင်းပသော ရပ်ဝန်းနှင့်လမ်းကြောင်း စွမ်းအင်ဝန်ကြီးများညီလာခံ (Belt and Road Energy Ministerial Conference) ဖွင့်ပွဲအခမ်းအနားသို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၀၉:၀၀ နာရီအချိန်တွင် တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Oct-2018