The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

NEP Plan


NEP ပထမဆင့်ပါကျေးရွာများအနက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊တောင်ကြီးခရိုင်အတွင်းရှိ ကျေးရွာ (၁၅)ရွာအတွက် တိုင်ကျင်းတူးခြင်း ၊တိုင်ထူခြင် လုပ်ငန်းဆောင်ရွက်ပြီးစီးခြင်း
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W4/18 တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊တောင်ကြီးခရိုင်အတွင်းရှိ ကျေးရွာ (၄၅)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Tower Victory Engineering Group Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၁၀.၄.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၁၅)ရွာအတွက် တိုင်ကျင်းတူးခြင်း (၇၉၂)တိုင် ၊ တိုင်ထူခြင်း(၁၀၆)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။


Read More...

: 12-Apr-2019
NEP လုပ်ငန်းများအတွက် တည်ဆောက်ရေးတင်ဒါရွေးချယ်ပြီးစီးမှု အခြေအနေတင်ပြခြင်း
၁။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP မှ C1-W10/18 ဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ C1-W12/18 ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ အစားထိုးကျေးရွာများနှင့် C1-W14/18 ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း အစားထိုးကျေးရွာများအတွက် တည်ဆောက်ရေး လုပ်ငန်း တင်ဒါခေါ်ယူထားသော လုပ်ငန်းများအား နိုင်ငံတကာအကြံပေး ပုဂ္ဂိုလ်များပါဝင်၍ တင်ဒါစိစစ်ရေးအဖွဲ့ဝင်များနှင့်အတူ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ် အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဝန်ကြီးဌာန တင်ဒါစိစစ်အတည်ပြုရေး ကော်မတီ၏ အစည်းအဝေးအမှတ် ၁၁/၂၀၁၉ ဖြင့် စိစစ်အတည်ပြု ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် Lot အလိုက် အောက်ဖော်ပြပါကုမ္ပဏီများ တင်ဒါအောင်မြင်ကြောင်းနှင့် စာချုပ်ချုပ်ဆိုပြီးစီးပါက ကုမ္ပဏီများမှ မြေပြင်ကွင်းဆင်းလေ့လာပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက် တော့မည် ဖြစ်ပါကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်-


Read More...

: 12-Apr-2019
NEP ပထမဆင့်ပါကျေးရွာများအနက် C1-W1/18 တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်နှင့်ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ (၁၇)ရွာအတွက် တိုင်ကျင်းတူးခြင်း ၊ တိုင်ထူခြင်း ၊ ကွန်ကရစ် Footing လောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးခြင်း
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W1/18 တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်နှင့်ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ (၂၄)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Soe Moe Than Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၉.၄.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၁၇)ရွာအတွက် တိုင်ကျင်းတူးခြင်း (၈၈၀)တိုင်၊တိုင်ထူခြင်း(၇၃၂)တိုင်နှင့် ကွန်ကရစ် Footing လောင်းခြင်း (၆၃၆)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။


Read More...

: 11-Apr-2019
NEP ပထမဆင့်ပါကျေးရွာများအတွက်စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်နှင့်ကသာခရိုင်အတွင်းရှိ ကျေးရွာ (၉၇)ရွာအတွက် တိုင်ကျင်းတူးခြင်း ၊ တိုင်ထူခြင်း၊ကွန်ကရစ် Footing လောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးခြင်း
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W1/18 တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်နှင့်ကသာခရိုင်အတွင်းရှိ ကျေးရွာ (၂၃၇)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Myanmar Super Ray Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၈.၄.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၉၇)ရွာအတွက် တိုင်ကျင်းတူးခြင်း (၃၂၂၅)တိုင်၊တိုင်ထူခြင်း(၂၅၅၉)တိုင်နှင့် ကွန်ကရစ် Footing လောင်းခြင်း (၁၁၇၃)တိုင်နှင့် Arm &Insulator တပ်ဆင်ခြင်း (၁၅၇)စုံ တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။


Read More...

: 10-Apr-2019
NEP ပထမအဆင့်အတွက်လိုအပ်သော Insulator & Related Fitting များအား သတ်မှတ်အရည်အသွေးနှင့်အရေအတွက်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ပထမအဆင့်အတွက်လိုအပ်သော Insulator & Related Fitting များအား Contract No. C1-G5/4 (ESE+YESC)/World Bank(ICB)/ 2018-2019ဖြင့် Hunan Zhongtian Electric Power Develovment Co.,Ltd နှင့်စာချုပ်ချုပ်ဆို ဝယ်ယူထားသောပစ္စည်းများအား သတ်မှတ်အရည်အသွေးနှင့်အရေအတွက်ကိုက်ညီမှု ရှိ/မရှိကို ပစ္စည်းအရည်အသွေးနှင့်ကုန်ပို့စနစ်စစ်ဆေးရေးကော်မတီအဖွဲ့(၈)မှ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဒက္ခိဏသီရိခရိုင်ရုံးသို့ ၆.၄.၂၀၁၉ရက်နေ့ များတွင် သွားရောက်စစ်ဆေးခဲ့ကြပါသည်။


Read More...

: 08-Apr-2019