The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

NEP Plan


NEP ပထမဆင့်ပါကျေးရွာများအနက်ပြည်ခရိုင်အတွင်းရှိ ကျေးရွာ (၅၈)ရွာအတွက် တိုင်ကျင်းတူးခြင်း ၊ တိုင်ထူခြင်း ၊ ကွန်ကရစ် Footing လောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးခြင်း
   အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W3/18 တွင် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်အတွင်းရှိ ကျေးရွာ (၈၂)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် JV of Yaung Ni Oo Co.,Ltd & Yaung Ni Oo Electric Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၅.၄.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၅၈)ရွာအတွက် တိုင်ကျင်းတူးခြင်း (၁၆၇၁)တိုင်၊တိုင်ထူခြင်း(၉၇၆)တိုင်နှင့် ကွန်ကရစ် Footing လောင်းခြင်း (၃၇၄)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။


Read More...

: 08-Apr-2019
NEP ပထမဆင့်ပါကျေးရွာများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ (၇၈)ရွာအတွက် တိုင်ကျင်းတူးခြင်း ၊ တိုင်ထူခြင်းနှင့် ကွန်ကရစ် Footing လောင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးခြင်း
    အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W1/18 တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ (၁၇၂)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Able Winners Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၅.၄.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၇၈)ရွာအတွက် တိုင်ကျင်းတူးခြင်း (၂၂၈၀)တိုင်၊တိုင်ထူခြင်း(၁၅၉၈)တိုင်နှင့် ကွန်ကရစ် Footing လောင်းခြင်း (၄၂၁)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။


Read More...

: 08-Apr-2019
NEP ပထမအဆင့်ပါကျေးရွာများအတွက် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများနှင့် တည်ဆောက်ရေးလုပ်ငန်းအခြေအနေများ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမအဆင့်ပါကျေးရွာများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး(အနောက်)၊ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်နေပြည်တော်တို့အတွက် C1-W1,C1-W2,C1-W3,C1-W4,C1-W5 တည်ဆောက်ရေးလုပ်ငန်းများ၌ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများနှင့် တည်ဆောက်ရေးလုပ်ငန်းအခြေအနေများ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ၄.၄.၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

: 08-Apr-2019
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမအဆင့် ပါကျေးရွာများအတွက် လိုအပ်သောကွန်ကရစ်တိုင်များအား C1-G11/18 ဖြင့် တင်ဒါခေါ်ယူခြင်း
           အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမအဆင့် ပါကျေးရွာများအတွက် လိုအပ်သောကွန်ကရစ်တိုင်များအား C1-G11/18 ဖြင့် တင်ဒါခေါ်ယူခဲ့ရာ ကမ္ဘာ့ဘဏ်၏ တင်ဒါစည်းမျဉ်းစည်းကမ်းများအရ Lot 9 နှင့် 11တို့သည် တင်ဒါအောင်မြင်သူ တစ်ဦးတစ်ယောက်မှ မရှိပါ၍ တင်ဒါပြန်လည်ခေါ်ဆိုခြင်းဖြစ်ပါသည်။ အဆိုပါတင်ဒါအား အမြန်ဆုံးစိစစ်၍ ကုမ္ပဏီများရွေးချယ် နိုင်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


Read More...

: 03-Apr-2019
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)
ပထမအဆင့်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသိပေးရှင်းလင်းခြင်း


Read More...

: 22-Mar-2019