The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


၆၆ ကေဗွီ ရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ၊ (၁၀) အမ်ဗွီအေ ငါန်းဇွန်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက် ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ရွာသစ် - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ၊(၁၀) အမ်ဗွီအေ ငါန်းဇွန်ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-Jan-2019
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိမြိုင်ရေနံရှာဖွေရေးအစမ်းတွင်းအမှတ်-၁ စတင်တူးဖော်ခြင်း အခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ ချောက်ရေနံမြေသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၊ မွန်းလွဲပိုင်းတွင်ရောက်ရှိပြီး ရေနံမြေ စုပေါင်းခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတာဝန်ကိုသိရှိပြီး စေတနာထား၍ တက်ညီလက်ညီဖြင့် အထူးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောကဏ္ဍမှပါဝင်သောကြောင့် မိမိတို့ဆောင်ရွက် နေသည့်လုပ်ငန်းများအပေါ်ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ယခုထက် ပိုမိုတိုးမြှင့်ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အလေအလွင့်မရှိရေး၊ အထူးဂရုပြုဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်း၌ရှိပြီးဖြစ်သော Standard Operation Procedure (SOP) နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-Jan-2019
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များပေးအပ်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာ ပေးအပ်ပွဲနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အသင်းသား စုံညီ ညီလာခံအထိမ်းအမှတ် ညစာစားပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဆုတံဆိပ်များပေးအပ်ပွဲ၊ အလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ပွဲနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အသင်းသားစုံညီ ညီလာခံအထိမ်းအမှတ် ညစာစားပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၆ နာရီအချိန်တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကကြီးများ၊ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ် နာယက ဦးသိန်းဦး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချာလီသန်း၊ AGTI Society ဥက္ကဋ္ဌ ဦးငြိမ်းအောင်နှင့် ဖိတ်ကြား ထားသော အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အစိုးရဌာနနှင့် ကော်ပိုရေးရှင်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုကော်မတီဝင်များ၊ အာဆီယံ အင်ဂျင်နီယာအဖွဲ့ချုပ် ဥက္ကဋ္ဌ Dr. Hiru Dewanto ၊ မလေးရှား အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ Ir. David Lai ၊ Asean Engineering Register (AER) Head Commissioner Prof. Dr. Ir Norlinda Binti Buniyamin နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ် ရရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 21-Jan-2019
၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း (၄၂.၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅)အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ၊ ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း (၄၂.၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 19-Jan-2019
မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြို့ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 13-Jan-2019