လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Golden Green Energy Co., Ltd တို့အကြား လှော်ကားဓာတ်အားပေးစက်ရုံအား စက်စွမ်းအားပြည့် မောင်းနှင်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် Rehabilitation, Joint-Operation, Maintenance and Management (ROMM) စနစ်ဖြင့် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Golden Green Energy Co., Ltd တို့အကြား လှော်ကားဓာတ်အားပေးစက်ရုံအား စက်စွမ်းအားပြည့် မောင်းနှင် ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် Rehabilitation, Joint-Operation, Maintenance and Management (ROMM) စနစ်ဖြင့် လုပ်ငန်းအပ်နှံခြင်း သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 30-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ (ပုပ္ပါး) နှင့် ၆၆ ကေဗွီ ပိန္နဲတော ဓာတ်အားခွဲရုံ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ပုပ္ပါးမြို့၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ငါးရံ့ကုန်းရွာအနီးတွင် တည်ရှိ သည့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ သဘာဝပိုဇိုလန်ထုတ်လုပ်ရေး စက်ရုံ (ပုပ္ပါး) ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 25-Nov-2018
၂၀၁၉ ခုနှစ် နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြင်းခြံ ၉၀ မဂ္ဂါဝပ်နှင့် ၂၂၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြနှင့် နှစ်အလိုက် တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ လာမည့် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသ ကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီဖြစ်သော VPower Holding Limited မှ Independent Power Producer (IPP) , Build - Operate - Own (BOO) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နံနက်ပိုင်း တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 24-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံ(ကန်ကြီးထောင့်)၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် အမှတ်(၂)ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)တို့အား သွားရောက်စစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး၀င်းခိုင်သည် ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 18-Nov-2018
၂၃၀ကေဗွီ လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း (၅၂.၂၆) မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်ပင်မဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 17-Nov-2018