The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သထုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါက်တာထိန်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာအနီးရှိ သထုံဓာတ်အားပေးစက်ရုံစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 17-Nov-2018
၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန် ဓာတ်အားလိုင်း(၀.၆၇) မိုင်၊ ၆၆/၁၁ကေဗွီ ( ၁၀ )အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ကေဗွီ မြင်းခြံ - ငါန်းဇွန်ဓာတ်အားလိုင်း (၀.၆၇)မိုင် နှင့် ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ငါန်းဇွန် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းအား (၇.၃.၂၀၁၆) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဓာတ်အားလိုင်း အား (၃၁.၅.၂၀၁၈) ရက်နေ့တွင် လည်းကောင်း ၊ ဓာတ်အားခွဲရုံအား (၁.၈.၂၀၁၈)ရက်နေ့ တွင်လည်းကောင်း ဆောင်ရွက် ပြီးစီးခဲ့ပြီး ငါန်းဇွန်ဒေသတဝိုက်ရှိ မြို့ (၁) မြို့၊ ကျေးရွာ (၁၅၈) ရွာ၊ အိမ်ထောင်စုပေါင်း (၂၇၀၂၉) စု သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 15-Nov-2018
၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ ( ၅ ) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးမှာ  လိုအပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိ သုံးစွဲ နိုင်ရေး ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ဓာတ်အားလိုင်း (၆၄.၃၁)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပထမ အဆင့်အနေဖြင့် ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂၁)မိုင်၊ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက် ခြင်းနှင့် ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း များ ပြီးစီး၍ (၁၅.၃.၂၀၁၈) ရက်နေ့မှစ၍ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့ပေါ် အိမ်ထောင်စုပေါင်း (၁၅၃၀)စု နှင့် ဘူးသီးတောင်မြို့ပေါ်ရှိ  အိမ်ထောင်စု(၃၃၇၄)စု သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။


Read More...

Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
: 15-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအမှူးပြု၍ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၀၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကဝိသာရ အရှင်သူမြတ်ထံမှ ကထိန် အနုမောဒနာတရားတော်များ နာကြား၍ ဆရာတော် သံဃာတော်များအား ငွေကျပ် ၃၂,၅၆၃,၆၉၀/- တန်ဖိုးရှိ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 15-Nov-2018
ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်ဆလင်ဒါများဖြန့်ဖြူးရောင်းချခွင့် လိုင်စင်(ဃ)နှင့်(င) အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်ရရှိထားသူများ သက်တမ်းတိုးရန် နှိုးဆော်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခွင့်ပြုထုတ်ပေးထားသော ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(လိုင်စင်(ဃ)နှင့်(င)) များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့်  သက်တမ်းကုန်ဆုံးသောနေ့ရက်မတိုင်မီ နောင်လာမည့်နှစ်အတွက် လိုင်စင်သက်တမ်းတိုးမြှင့် လျှောက်ထားရန် လိုအပ်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 15-Nov-2018