ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (DSEZ MC)နှင့် Dawei SEZ Development Company-SPV ၏ Board of Directors များ တွေ့ဆုံဆွေးနွေးခြင်း
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းပြီး ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (DSEZ MC) ဥက္ကဌ ဒေါက်တာထွန်းနိုင် ဦးဆောင်လျက် ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလိမီတက်(Dawei SEZ Development Company-SPV) ၏ Board of Directors များဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန(FERD)၊ ထိုင်းနိုင်ငံမှ NEDA နှင့် ဂျပန်နိုင်ငံမှ JBIC, JICA, JETRO တို့မှ ကိုယ်စားလှယ်များအား နေပြည်တော်၊ ရုံးအမှတ် (၂၇) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၃၁ ရက်နေ့တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 31-Oct-2018
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် (၁၁) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ် (SIEW) ဖွင့်ပွဲအခမ်းအနား၊ အာဆီယံ (ASEAN) နှင့် အပြည်ပြည်ဆိုင်ရာပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအဖွဲ့ (IRENA)တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်းအခမ်းအနား များသို့ တက်ရောက်ခြင်းနှင့် Singapore Energy Summit တွင် ပါဝင် ဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ Marina Bay Sands ရှိ Sand Expo and Convention Center တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာစွမ်းအင်ရက်သတ္တပတ် Singapore International Energy Week (SIEW) ဖွင့်ပွဲအခမ်းအနား၊ အာဆီယံ (ASEAN) နှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအဖွဲ့ International Renewable Energy Agency (IRENA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားများသို့ အသီးသီးတက်ရောက်ခဲ့ ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 30-Oct-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ (၃၆) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်
၃၆ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် အစည်းအဝေးဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး H.E Mr. Chan Chun Sing က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 29-Oct-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ (၃၆) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ (၁၁) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ရက်သတ္တပတ်ညီလာခံများသို့ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ထွက်ခွာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ(၂၉) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၆) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖြစ်သော (၁၅) ကြိမ်မြောက် အာဆီယံ+ ၃ စွမ်းအင် ဝန်ကြီးများအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အရှေ့အာရှထိပ်သီး စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ် ညီလာခံများသို့ တက်ရောက်ရန် အောက်တိုဘာလ (၂၈) ရက်နေ့၊ နံနက် ၀၇:၁၅ နာရီ အချိန်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 28-Oct-2018
အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ၏(၂၆) ကြိမ်မြောက် ကောင်စီ အစည်းအဝေး ဂုဏ်ပြုညစာစားပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂၇) ရက်နေ့၊ (၁၈:၀၀)နာရီတွင်၊ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် အာဆီယံ အင်ဂျင်နီယာနှင့် နည်းပညာ အကယ်ဒမီ၏(၂၆) ကြိမ်မြောက် ကောင်စီ အစည်းအဝေး ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 27-Oct-2018