လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် VPower Holdings Limited တို့အကြား ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (PPA) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆:၀၀ နာရီ အချိန်တွင် နေပြည်တော် Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ ကော်မတီဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ VPower Holdings Limited ၏ Co-Chief Executive Officer Mr. Au-Yeung Tai Hong Rorce နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 07-Nov-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်မှ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. M Shahidul Islam နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Christian LECHERVY တို့အား သီးခြားစီလက်ခံတွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. M Shahidul Islam ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 06-Nov-2018
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား ဓာတ်အားဝယ်ယူရေး သဘောတူ စာချုပ်(PPA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ ညနေ ၆:၀၀ နာရီအချိန်တွင် နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 06-Nov-2018
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာ အဖွဲ့တို့အကြား သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်တို့တက်ရောက်
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာ အဖွဲ့တို့အကြား သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ Royal ACE Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 05-Nov-2018
ကုန်းတွင်းလုပ်ကွက်အမှတ် IOR-7 ရှိ စိန်စည်တော်တွင်းအမှတ် (၁) စတင်တူးဖော်ခြင်း အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်တို့ တက်ရောက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်း၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ကုန်းတွင်းနှင့်ကမ်းလွန်လုပ်ကွက်များတွင် နိုင်ငံတကာကုမ္ပဏီများ နှင့် ပူးပေါင်း၍ ရှာဖွေတူးဖော်ရေးလုပ်ငန်းများအား အကျိုးတူပူးပေါင်း ဆောင်ရွက်လျက် ရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရှိ ကုန်းတွင်း လုပ်ကွက်အမှတ် IOR-7 တွင် တူးဖော်မည့် ရှာဖွေရေးတွင်း စိန်စည်တော်တွင်းအမှတ်(၁)အား စတင်တူးဖော်ခြင်း အခမ်းအနားကို တွင်းတူးဖော်မည့် နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Post under by : ဝန်ကြီးရုံး
: 04-Nov-2018