The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊အင်ဂျင်နီယာများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏အင်ဂျင်နီယာများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို၂၀၁၈ခုနှစ်၊မေလ၂၈ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်တွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဗဟိုသင်တန်းကျောင်း (နေပြည်တော်) ၌ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 29-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ(ပုပ္ပါး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန၏ သဘာဝပိုဇိုလန်ထုတ်လုပ်ရေး စက်ရုံ(ပုပ္ပါး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 28-May-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များအတွက် လှည့်လည်ကြည့်ရှု စစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ ပင်မသိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး (ဂ) အဆင့်(ချောက်) သို့ ရောက်ရှိခဲ့ပြီး ပင်မမန်နေဂျာမှ စက်သုံးဆီများ လက်ခံ/သိုလှောင်/ ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ စက်သုံးဆီများ လက်ခံ/ သိုလှောင်/ ဖြန့်ဖြူးရာတွင် စနစ်တကျရှိစေရေး၊ လေလွင့်လျော့နည်းမှုမရှိစေရေးနှင့် မီးဘေး အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-May-2018
ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်မကွေးတိုင်းဒေသကြီးအတွင်းရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး) ၊ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) နှင့် မကွေးပင်မဓာတ်အားခွဲရုံတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)သို့ ရောက်ရှိရာ စက်ရုံ အစည်းအဝေး ခန်းမတွင် စက်ရုံမှူးမှ ဘဏ္ဍာရေးနှစ်အလိုက် ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များအား ရှင်းလင်းတင်ပြ ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-May-2018
ရေနံအထွက်တိုးရေးကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မကွေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ချောက်ရေနံမြေသို့ ရောက်ရှိခဲ့ပါသည်။ ရေနံမြေရိပ်သာတွင် ချောက်ရေနံမြေမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရေး အလေးဂရုပြုဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ရေနံအထွက်တိုးရေး အတွက် Water Flooding Project အပါအဝင်ခေတ်မီနည်းပညာများ အသုံးပြုရှာဖွေ ဆောင်ရွက် သွားကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 26-May-2018