The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ)နှင့် လက်ထောက်အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ)နှင့် လက်ထောက် အင်ဂျင်နီယာများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 01-Oct-2018
အောက်တိုဘာလအတွင်း ပြည်တွင်းထုတ်ဓာတ်ဆီများကို MPTA သို့ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) မှ ထွက်ရှိသော ဓာတ်ဆီများကို မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) မှ တဆင့် စက်သုံးဆီ အရောင်း ဆိုင်များသို့ ၂၀၁၈ ခုနှစ်၊ ဧပြီလမှစ၍ ယနေ့အချိန်ထိ တစ်ကြိမ်လျှင် ဓာတ်ဆီဂါလန် ၃,၀၀၀,၀၀၀ (ဂါလန် သုံးသန်း) ခန့်ဖြင့် (၄) ကြိမ်၊ ဓာတ်ဆီ (စုစုပေါင်း ဂါလန် ၁၂ သန်း) ဖြန့်ဖြူးရောင်းချခဲ့ပြီး ဖြစ်ပါသည်။


Read More...

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
: 28-Sep-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများ အရည်အသွေးမြှင့်တင်ရေးသင်တန်း (Capacity Development for Power Transmission and Distribution System Training) ဆရာဖြစ် အင်ဂျင်နီယာသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများအရည်အသွေးမြှင့်တင်ရေးသင်တန်း (Capacity Development for Power Transmission and Distribution System Training) ဆရာဖြစ် အင်ဂျင်နီယာသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 27-Sep-2018
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်းအခမ်းအနားကျင်းပသည့်သတင်း
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့် တွင်းအမှတ် ရွှေရည်ထွန်း-၂ မှ သဘာဝဓာတ်ငွေ့ တွေ့ရှိမှု သတင်းထုတ်ပြန်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 25-Sep-2018
ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာရှိ အကဲဖြတ်တွင်း ရွှေရည်ထွန်း(၂) မှ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၏ အနောက်မြောက်ဘက် (၁၀၂) ကီလိုမီတာ ခန့်အကွာကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) သို့ ၂၂-၉-၂၀၁၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်၍ တွင်းတူးဖော်စမ်းသပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 22-Sep-2018