The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အင်ဂျင်နီယာများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 22-Jun-2018
တောင်ငူ-လိပ်သို ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရာတွင် ဖြတ်သန်းသွားသော ကျေးရွာ (၉) ရွာအား ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများ
တောင်ငူ-လိပ်သို ၃၃ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ရာတွင် ဖြတ်သန်းသွားသော ကျေးရွာ (၉) ရွာအား ဓာတ်အားရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများ


Read More...

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
: 12-Jun-2018
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူခြင်းစာချုပ်နှင့် အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပပြုလုပ်
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း တွင် အသုံးပြုမည့် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် ပစ္စည်း ဝယ်ယူရေးစာချုပ်၊ အကြံပေးဝန်ဆောင်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 06-Jun-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မွန်ပြည်နယ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း
   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၃  ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာအနီးမှ ဝေါမြို့ နယ်၊ ရှမ်းကိုင်းကျေးရွာအနီးသို့ တူးဖောက်ဆောင်ရွက်လျက်ရှိသည့် စစ်တောင်းမြစ်ဖြတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတူးဖောက်ဆက်သွယ်ခြင်း လုပ်ငန်းစီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းမှ တာဝန်ရှိသူများက Horizontal Directional Drilling (HDD) နည်းဖြင့် စစ်တောင်းမြစ်ဖြတ် အရှည် ၅၉၀၀ ပေ၊ သဘာဝဓာတ်ငွေ့ (၂၀) လက်မ ပိုက်လိုင်း တူးဖောက်ဆက်သွယ်သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြီး လုပ်ငန်း လိုအပ်ချက်များ မှာကြား၍ စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။             


Read More...

Post under by : ဝန်ကြီးရုံး
: 03-Jun-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ABB Licensed Products Launching Ceremony သို့ တက်ရောက်ခဲ့သည့်သတင်း
   ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူများ လျှပ်စစ် ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက်   ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၂  ရက်နေ့ ၊ နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်းရှိ မြောက်ပိုင်းခရိုင်ရုံးခွဲရုံသို့ ရောက်ရှိရာ တာဝန် ရှိသူများမှ မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ဓာတ်အားလိုင်းများ လိုင်းအပြစ်ဖြစ်ပွားမှုလျော့နည်းရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေ နှင့် ပြည်သူ များလျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးအတွက် ဆောင်ရွက်ခဲ့သည့်  အခြေအနေ တို့အား ရှင်းလင်းတင်ပြရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် ဒုတိယ ဝန်ကြီးဒေါက်တာထွန်းနိုင်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်အခြေအနေများအား မျှော်မှန်း၍ ကြိုတင်စီမံဆောင်ရွက်ထားရန်၊ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရရှိရေး အလေးထားဆောင်ရွက်ရန်နှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းရေးအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...

Post under by : ဝန်ကြီးရုံး
: 02-Jun-2018