The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


လယ်ဝေးမြို့နယ်၊ အေလာနှင့် သာဝတ္ထိနယ်မြေအတွင်းမှ ရွာများအား ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အေလာနယ်မြေတွင် ကျေးရွာ ၁၃ ရွာနှင့် သာဝတ္ထိနယ်မြေအတွင်းမှ ကျေးရွာ ၂၉ ရွာတို့သည် ၂၀၁၈-၂၀၂၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တို့တွင် နေပြည်တော်ကောင်စီ၏ ငွေလုံး ငွေရင်းဘတ်ဂျက်ဖြင့် ၁၁ ကေဗွီအေဓာတ်အား လိုင်းနှင့် ၁၁/၀.၄ ကေဗွီအေထရန်စဖော်မာများအား တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ မီးမလင်းသေးသည်ကို တွေ့ရှိရပါ ကြောင်း၊ တချို့ကျေးရွာများတွင် ထရန်စဖော်မာများ တည်ဆောက်ပေးထားသော်လည်း ၁၁ ကေဗွီအေ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့အားလိုင်းများတည်ဆောက်ပေးရန် အထူးလိုအပ် လျက်ရှိပါ ကြောင်း၊ အေလာနယ်မြေအတွင်းမှ ကျေးရွာ ၁၃ ရွာမှ ပိတောက်ချောင် အုပ်စုတွင် လေးကသိန်း၊ အေးချမ်းသာ ကျေးရွာအုပ်စု၌ အေးချမ်းသာ၊ လက်ပန်တန်း၊ ညောင်ပင်သာ၊ အုတ်ဖိုဇောင်းနှင့် အောင်ချမ်းသာ ကျေးရွာတို့ဖြစ်ကြပါကြောင်း၊ ကရင်တောင်ကျေးရွာအုပ်စုမှ ကရင်တောင်၊ ကျောက်အိုး၊ အောင်သပြေ၊ သရက်ချောင်း၊ နနွင်းအိုင်နှင့် သစ်ကိုးပင်ကျေးရွာနှင့် ရွှေတိုက်တန်း ကျေးရွာ တို့ဖြစ်ပါကြောင်း၊ သာဝတ္ထိနယ်မြေအတွင်းမှာ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၂၉ ရွာမှ ပေါင်းလောင်း၊ အင်တိုင်းသာ၊ အောင်သုခ၊ ရွှေပြည်သာ၊ အောင်သာယာ၊ မြိုင်သာယာ၊ ပိန်းချောင်း၊ ဗောဓိပင်ကျေးရွာနှင့် ရွှေမြင့်မိုရ် ကျေးရွာ၊ ဇီးကုန်း၊ လသာ၊ သစ်ကြိမ်း၊ ကြာကန်၊ ကုန်းသာ၊ ညောင်ပင်ဝိုင်း၊ ကြို့ကုန်း၊ ရွာသစ်၊ ဗောဓိကုန်း၊ အောင်ချမ်းသာကျေးရွာတို့အပြင် ဘုရားကုန်း၊ ဟေမာန်၊ အောင်မင်္ဂလာ၊ အောင်စည်လာ၊ တဲကြီးကုန်း၊ အောင်နန်းချို၊ ဇလီ၊ ငှက်ကြီးတောင်၊ ကြို့တန်း ကျေးရွာများ ဖြစ်ကြပါကြောင်း။


Read More...

: 25-Sep-2026
မလှိုင်မြို့နယ်၊ ရွှေစုခင်နှင့် သဘွတ်ကုန်းရွာတို့တွင် လျှပ်စစ်မီးမရရှိသေးသဖြင့် လိုင်းများသွယ်တန်း ပေးရန်အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မလှိုင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်မပါ ကျေးရွာ အုပ်စု ၅၂ အုပ်စု၊ ကျေးရွာပေါင်း ၂၄၇ ရွာရှိပြီး ၂၃၃ ရွာတွင် လက်ရှိ လျှပ်စစ်မီးရရှိပြီး‌ မရရှိသေးသည့် ရွာ ၁၄ ရွာ ကျန်ရှိလျက် ရှိပါကြောင်း၊ အဆိုပါ ၁၄ ရွာအနက် ၁၁ ရွာသည်လည်း မီးလင်းရေးအတွက် လိုအပ်သော ၄၀၀ ဗို့လိုင်းများ ကျေးရွာအလိုက် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေပြီး ရွှေစုခင်ကျေးရွာ၊ သဘွတ်ကုန်း(တောင်)ရွာနှင့် သဘွတ်ကုန်း(မြောက်)ရွာတို့တွင် လိုအပ်သော ၄၀၀ ဗို့လိုင်းများ ကျေးရွာအစီအစဉ်ဖြင့် သွယ်တန်းတပ်ဆင်ရန်အတွက် ငွေကြေး အခက်အခဲများရှိနေသောကြောင့် ယနေ့ထိ လျှပ်စစ်မီးရရှိသုံးစွဲနိုင်ခြင်း မရှိသေးပါကြောင်း၊ လျှပ်စစ် မီးသည် လူတို့၏ နေ့စဉ်ဘဝ ပိုမိုအဆင်ပြေချောမွေ့စေနိုင်ခြင်း၊ ညဘက်တွင် လုံခြုံမှုအတွက် အထောက်အကူပြုပေးနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊ ထို့အပြင် လူငယ် များ စာပေပညာရပ်နှင့် အခြားပညာရပ်ဆိုင်ရာ သင်ကြားရေးကိုလည်း အွန်လိုင်းပညာရေးစနစ်မှ သင်ယူနိုင်ခြင်း၊ သတင်းအချက်အလက်များ ရရှိနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အတွက် များစွာအထောက်အကူပြုခြင်းတို့ကြောင့် နေ့စဉ်လူမှုဘဝအတွက် လိုအပ်ချက်တစ်ခု ဖြစ်ပါကြောင်း။


Read More...

: 25-Sep-2026
မြဝတီမြို့နယ်ရှိ ပင်မဓာတ်အားခွဲရုံအား ပြုပြင်တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူး ပေးရန် အစီအစဉ် ရှိ မရှိ၊ မရှိပါက အဘယ်ကြောင့်နှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပေး မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြဝတီခရိုင်၊ မြဝတီ မြို့သည် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းစနစ်မှ ၂၃၀ ကေဗွီဓာတ်အားလိုင်းများကို မော်လမြိုင်မြို့၏ ဓာတ်အားခွဲရုံမှတစ်ဆင့် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဓာတ်အားခွဲရုံသို့ ရယူထားခြင်းဖြစ်ပြီး အဆိုပါ ဓာတ်အားခွဲရုံကို ၂၃၀/ ၆၆ ကေဗွီနှင့် ၁၀၀ အမ်ဗွီအေဓာတ်အားခွဲရုံများအဖြစ် မြဝတီ-ကော့ကရိတ်- ကြာအင်းဆိပ်ကြီးမြို့များသို့ ၆၆ ကေဗွီဓာတ်အားလိုင်းအဖြစ် လျှပ်စစ်များဖြန့်ဖြူးပေးခဲ့ပြီး မြဝတီမြို့ အတွင်းသို့ ၁၃-၇-၂၀၁၉ ရက်မှစ၍ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာ ၁၀ သို့လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျား။ ထိုနောက် ၁၁-၃-၂၀၂၄ ရက်တွင် အကြမ်းဖက်သောင်းကြမ်း သူများမှ မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံကို ဖောက်ခွဲဖျက်စီးခဲ့မှုကြောင့် မြဝတီ ခရိုင်အတွင်းသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးခဲ့မှုမှာ ပျက်တောက်ခဲ့ရပါတယ်ခင်ဗျား။ ယခုအခါတွင် မြဝတီ- မော်လမြိုင်၂၃၀ ကေဗွီဓာတ်အားလိုင်းတစ်လျှောက် နေရာတော်တော်များများမှာ တိုက်ပွဲ ဒဏ်ကြောင့် လျှပ်စစ်လိုင်းကြိုးကြီးများနှင့် တာဝါတိုင်တချို့မှာလည်း ပျက်စီးလျှက်ရှိနေကြောင်း သိရှိရပါတယ်ခင်ဗျား။ ယခုအခြေအနေတွင် မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတချို့ကို တပ်မတော်မှ စိုးမိုးထိန်းချုပ်ထားပြီးဖြစ်၍ မြဝတီမြို့ အာရှလမ်းမကြီးနှင့် အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း။


Read More...

: 25-Sep-2026
မူဆယ်မြို့တွင် စက်သုံးဆီဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် စက်သုံးဆီကို တရုတ်နိုင်ငံမှ တင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်အား မည်သည့်အချိန်တွင် စတင်ချထားပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မူဆယ်ခရိုင်အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသကို ၂၀၂၃ ခုနှစ်၊ မတ်လမတိုင်မီ ကာလက စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုတွင် စက်သုံးဆီတင် ယာဉ်များဖြင့် ရန်ကုန်-မန္တလေး-လားရှိုးလမ်းအတိုင်း သယ်ယူဖြန့်ဖြူးပေးခဲ့ရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ မတ်လမှစ၍ မူဆယ်မြို့ အတွက် ရန်ကုန်မှတစ်ဆင့် ဝယ်ယူဖြန့်ဖြူးခြင်းအစား ဒေသခံကုမ္ပဏီ ၄ ခုကိုတာဝန်ပေးပြီး တရုတ်နိုင်ငံမှစက်သုံးဆီများကို မူဆယ်မြို့နယ်၊ ကျင့်စန်းကျော့နယ်စပ်ဂိတ်မှ တင်သွင်း ဖြန့်ဖြူး ပေးခဲ့ပါကြောင်း၊ ထိုသို့တင်သွင်းဖြန့်ဖြူးမှုကြောင့် မူဆယ်ဒေသသည် စက်သုံးဆီကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန် တိုက်ပွဲများ ဖြစ်ပွားချိန်မှစပြီး မူဆယ်မြို့နယ်၊ ကျင့်စန်းကျော့နယ်စပ်ဂိတ် ပိတ်သွားသည့်အတွက် စက်သုံးဆီ တင်သွင်းမှုကို မူဆယ် မြို့ပေါ်ရှိ မန်ဝိန်းဂိတ်မှတင်သွင်းခဲ့ပြီး မူဆယ်မြို့ပေါ်သို့ ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ တရုတ်နိုင်ငံမှ စက်သုံးဆီ တင်သွင်းနေမှုကို တရုတ်နိုင်ငံဘက်မှ ယာယီရပ်ဆိုင်းခဲ့ သည့်အတွက် မူဆယ်မြို့ပေါ်တွင် စက်သုံးဆီ ပြတ်တောက်ပြီး ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ မူဆယ်မြို့၏ အမှန်တကယ်သုံးစွဲရန် အနည်းဆုံး လိုအပ်ချက်ကို တွက်ချက်တင်ပြစေခဲ့သဖြင့် မူဆယ်မြို့၏ အမှန်တကယ်သုံးစွဲရန် အနည်းဆုံး လိုအပ်ချက်ဖြစ်သည့် ဓာတ်ဆီနှင့်ဒီဇယ် တန် ၄၀၀ စီ တင်သွင်းခွင့်ရရှိရေး တင်ပြခဲ့ပါ ကြောင်း၊ ထိုသို့တင်ပြချက်အရ နိုင်ငံတော်အစိုးရမှ တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် မူဆယ်မြို့ အသုံးပြုရန် ဓာတ်ဆီနှင့်ဒီဇယ် တန် ၄၀၀ စီကို ပြန်လည် တင်သွင်းခွင့်ရရှိခဲ့ပြီး မူဆယ်မြို့တွင်း ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း။


Read More...

: 23-Sep-2026
လပွတ္တာမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်များနှင့် ရေယာဉ်များတွင် အသုံးပြုရန်အတွက် စက်သုံးဆီအား လွယ်ကူအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းမှာ မိုးစပါးစိုက်ဧကပေါင်း ၃၄,၀၀၀ ခန့်ရှိပြီး နွေစပါးစိုက်ဧက ၂၀,၀၀၀ ခန့်ရှိပြီး လယ်မြေများထွန်ယက်ရာမှာ မြင်းကောင်ရေ ၂၅ ကောင် အောက် ထွန်စက်ငယ်များနှင့် မြင်းကောင်ရေ ၅၀ လယ်ထွန်စက်ကြီးများကို အသုံးပြုကြ ပါကြောင်း၊ လယ်ထွန်စက်ငယ်များ မှာ တစ်နေ့ကို ၄ ဂါလန်ခန့်ကုန်ကျပြီး လယ်ထွန်စက်ကြီးများမှာ တစ်နေ့ကို ၁၂ ဂါလန်ခန့် ကုန်ကျပါကြောင်း၊ တောင်သူလယ်သမားများသည် လုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်ရေး အတွက် ဒီဇယ်ဆီများကို တစ်ပတ်စာမျှ ကြိုတင်ဝယ်ယူ အသုံးပြု လေ့ရှိကြပါ ကြောင်း၊ တချို့တောင်သူ တွေကတော့ဒေသမှာရှိတဲ့ စက်သုံးဆီဆိုင်များမှအကြွေးစနစ်၊ စပါးပေါ် ပေးဖြင့် ဝယ်ယူအသုံးပြု ကြပြီး ယာဉ်အသေး၊ အလတ်၊ အကြီးများကလည်း ဒေသရှိ စက်သုံး ဆီဆိုင် များမှ ဝယ်ယူအသုံးပြုကြပါကြောင်း။


Read More...

: 23-Sep-2026