The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


ဧရာဝတီတိုင်းဒေသကြီး၌ ဓာတ်မြေဩဇာစက်ရုံကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေး နိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးမှုတွင် ဧရာဝတီတိုင်းသည် လေးပုံ တစ်ပုံစိုက်ပျိုးပြီး ဧရာဝတီတိုင်း ၏ လေးပုံ တစ်ပုံသည်ဖျာပုံခရိုင်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းသည် ရာသီဥတုအပေါ်မူတည်၍ မိုးစပါး ၃၈ သိန်း၊ နွေစပါး ၁၃ သိန်းစိုက်ပျိုးပါကြောင်း၊ ရာသီဥတုကောင်းသည့်အခါ နှစ်ခုပေါင်း သိန်း ၅၀ နီးပါး စိုက်ပျိုးပါကြောင်း၊ ထိုထဲမှ ဖျာပုံခရိုင်သည် အားလုံးပေါင်း မိုးစပါး ၈ သိန်းခွဲ၊ ရာသီဥတုကောင်းလျှင် ၉ သိန်းစိုက်ပါကြောင်း၊ နွေစပါး၄ သိန်းကျော်စိုက်သည့်အတွက် အင်မတန်များပြားသည့် ဒေသဖြစ်ပါ ကြောင်း၊ ဆည်မြောင်းတာတမံများတိုးချဲ့ပြီး စိုက်နိုင်ပျိုးနိုင်မည်ဆိုလျှင် ထို့ထက်မက ပိုမိုတိုးတက် သည့် ဧရိယာများလည်း စိုက်ပျိုးနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မြေဩဇာသုံးစွဲမှုကို ကြည့်လျှင် မက်ထရစ်တန် မြေဩဇာ တန်ချိန်ပေါင်း ၁၅ သန်းလိုအပ်ပြီး မြန်မာနိုင်ငံမှ ၁.၅ သန်း တစ်ဆယ်ပုံ တစ်ပုံသာလျှင် ထုတ်နိုင်ပါကြောင်း၊ မြေဩဇာစက်ရုံ အထူးသဖြင့် ယူရီးယားထုတ်ဖို့ဆိုလျှင် လျှပ်စစ်၊ Natural gas၊ ရေ အဓိကလိုအပ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့သည် ဧရာဝတီတိုင်းတွင် အင်မတန် ကောင်းသည့်အနေအထားဟု သိရှိရပါကြောင်း၊ ယခုလည်း ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာမှဖြတ်ပြီး Off Shore gas ကို ရန်ကုန်တိုင်းရှိ စက်မှုဇုန်များသို့ ပို့နေခြင်းဖြစ်ပါကြောင်း၊ အကယ်၍ ဖျာပုံခရိုင် တွင် လိုအပ်သည့်ပစ္စည်းများလည်း ပြီးပြည့်စုံပြီး၊ ၂၃-၉-၂၀၁၄ ရက်တွင် ဖျာပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က လျှပ်စစ်ဒုတိယဝန်ကြီး ဦးမော်သာထွေးနှင့် မေးမြန်းသည့် မေးခွန်းတွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၅၀၀ မဂ္ဂါဝပ်ရှိသော လျှပ်စစ်ဓာတ်အားပေးရေးကို တည်ဆောက်ပေးရန် အစီအစဉ်ရှိပါကြောင်းလည်း ဖြေကြားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် gas အနေအထားကောင်းပါကြောင်း၊ လျှပ်စစ်သည်လည်း တည်ဆောက်မည်ဆိုပါက အနာဂတ် Plan တွင် ဖျာပုံခရိုင် မြို့တစ်မြို့မြို့ အထူးသဖြင့် ကျိုက်လက်ပန် ဓာတ်မြေဩဇာ စက်ရုံ တည်ဆောက်ပေးလို သည့် ဆန္ဒရှိပါကြောင်း၊ ထို့ကြောင့် တောင်သူများမှလည်း မိမိမှတစ်ဆင့် တည်ဆောက်ပေးရန် တောင်းသလို အနာဂတ် Plan ကိုလည်း သိစေလိုပါကြောင်း၊ ဘာလို့တောင်းလဲဆိုလျှင် ယနေ့ နိုင်ငံခြားမှ တင်သွင်းသည့် ပုလဲမြေဩဇာသည် ရွာများအထိ သိန်း ၂ သောင်း လောက်ကုန်ပါကြောင်း၊ ယနေ့ ကန်ကြီးထောင့်မှ တောင်သူများကို ထုတ်ဝေတာ ၄ သောင်းခွဲသာရှိသည့်အတွက် အဆ မြောက်မြားစွာကွာပါကြောင်း၊ နိုင်ငံတော်၏ နိုင်ငံခြားဘတ်ဂျက်ကိုလည်းချွေတာရာ ရောက်သလို တောင်သူများလည်း ‌ဈေးနှုန်းချိုသာစွာ စိုက်ပျိုးရရှိမည်ဖြစ်သည့်အတွက် အင်မတန် ကောင်းသည့် ရလဒ်ကို ရနိုင်မည်ဟု ယူဆ၍ ဒေသခံပြည်သူများက ဖျာပုံခရိုင်တွင် ဓာတ်မြေဩဇာစက်ရုံ ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပေးပါဆိုသည့်အတွက် မေးမြန်းခြင်းဖြစ်ပါသည်။


Read More...

: 23-Sep-2026
ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် 66/11 KV ဓာတ်အားခွဲရုံတစ်ခုကို မည်သည့်အချိန်တွင် စတင် တည်ဆောက်ပြီး မည်မျှကြာမည်ဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အားပြည့်ပြည့် ဝဝသုံးရမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကြံခင်းမြို့နယ်အတွင်းရှိ ဘက်ရဲမြို့တွင် 66/11 KV ဓာတ်အားခွဲရုံတစ်ခု ဆောက်လုပ်ရန် အတွက် မြေဧရိယာ ၃ ဧက ဝယ်ယူထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားခွဲရုံနဲ့စပ်လျဉ်း၍ မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။


Read More...

: 23-Jul-2026
လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၌ လျှပ်စစ်စွမ်းအင်ကဏ္ဍ မည်မျှ ပါဝင်သည်၊ မည်သည့်လုပ်ငန်းများတွင် ဆောင်ရွက်မည့် နောက်နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လျှပ်စစ်ကဏ္ဍ မည်သို့ဆောင်ရွက်သွားမည်၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ဆဲ၊ ရှေ့ ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ယခုလို နိုင်ငံတော်မျက်နှာစာအသစ် အခန်းကဏ္ဍတွင် အစိုးရအား မြို့ပြနှင့် ကျေးလက်ဒေသ များပါမကျန် ပြည်သူများ၏ လိုအင်ဆန္ဒသည် လျှပ်စစ်မီးလုံလောက်စွာရရှိရေးဖြစ်ပါကြောင်း၊ လျှပ်စစ် မီး လုံလောက်စွာရရှိရေးသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားခြင်း၊ စွမ်းအင်အရင်းအမြစ်၊ နည်းပညာ တို့အပြင် မိမိနိုင်ငံ၏ လုံခြုံရေး ကန့်သတ်ချက်များရှိပါသော်လည်း တိုင်းပြည်ကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်ရန် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မှု၊ ပညာရေး၊ ကျန်းမာရေးကအစ လျှပ်စစ် စွမ်းအင်ကဏ္ဍသည် အဓိကဖြစ်နေပါကြောင်း။


Read More...

: 23-Jul-2026
မောက်မယ်မြို့နယ် ဟိုနမ့်နှင့် ပန်းတန်ကျေးရွာအုပ်စုတို့တွင်လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးနှင့် မည်သို့ဆက်လက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၃.၆.၂၀၁၉ရက်နေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်း အဝေး (၁၄) ရက်မြောက်နေ့မှတ်တမ်းအရ ၎င်းလျှပ်စစ်မီးကိစ္စကို အရင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက မေးမြန်းထားသည်ကိုတွေ့ရှိရပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖြေကြားချက်အရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်တွင် ထည့်သွင်းလျာထားဆောင်ရွက်ရန် စီစဉ်ထားပြီးသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယခုအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိ သေးပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စု တွင် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မည်သို့ဆက်လက် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


Read More...

: 23-Jul-2026
ကျွဲပွဲမြို့မှ 33/11 kV 5 MVA လျှပ်စစ်ဓာတ်အားခွဲရုံအား 33/11 kV 10 MVA အဖြစ်သို့ အဆင့်မြှင့် တင်ရန်အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
အထက်ဖော်ပြပါ ဓာတ်အားခွဲရုံသည် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲ မြို့တွင်တည်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၉၅ ရွာရှိသည့်အနက် ကျေးရွာပေါင်း ၅၅ ရွာနှင့် မြို့ပေါ် ၅ ရပ်ကွက်တို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဓာတ်အားပေး ဧရိယာကျယ်ပြန့်လာမှု၊ ဓာတ်အားသုံးစွဲသူဦးရေ တိုးတက်များပြားလာမှုတို့ကြောင့် ကျန်ရှိသော ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး များစွာလိုအပ်မှုရှိနေသည့်အတွက် ဓာတ်အားလိုအပ်ချက် ပိုမိုကြီးမားလာသောကြောင့် လျှပ်စစ်ဓာတ်အားရရှိရေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကို လျှောက်လှမ်းရာတွင် အဓိကလိုအပ်ချက်တစ်ခု ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ အုတ်တွင်း မြို့နယ်၊ ကျွဲပွဲမြို့ရှိ 33/11 kV 5 MVA (Outdoor) လျှပ်စစ်ခွဲရုံမှ 33/11 kV 10 MVA (Indoor) လျှပ်စစ်ခွဲရုံအဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။


Read More...

: 02-Jul-2026