The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


မင်းဘူး(စကု) မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသော 33/11 KV 5 MVA မုန်တောင်ဓာတ်အား ခွဲရုံအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးတည်ဆောက်ပေးရန် အစီအစဥ်ရှိ/မရှိနှင့် စပ်လျဥ်း သည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်သည် ကျေးရွာအုပ်စု ၇၄ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၅၅ ရွာရှိပါကြောင်း၊ အကယ်၍ ၎င်းမုန်တောင်ဓာတ်အားခွဲရုံ တည်ဆောက်ပေး လိုက်မည်ဆိုလျင် အနီး အနားရှိ ကျေးရွာပေါင်း ၁၉ ရွာလည်း မီးလင်းသွားမည် ဖြစ်ပါကြောင်း၊ ယခုလိုမီးလင်း ပေးလိုက်သည့် ဓာတ်အားခွဲရုံ တည်ဆောက်ပေးပြီး ဒေသခံပြည်သူများ လှပ်စစ်မီးလင်းခွင့် ရရှိမည်ဆိုပါက သဘာဝပတ်ဝန်းကျင် သစ်တောပြုန်းတီးမှုကိုလည်း ထိန်းသိမ်းကာကွယ် ပြီးဖြစ်မည် ဖြစ်ပါကြောင်း၊


Read More...

: 06-Dec-2018
ထီးလင်းမြို့နယ်အတွင်း ကျင်းကျေးရွာဒေသရှိ ကျေးရွာကိုးရွာ လှပ်စစ်မီးရရှိရေးစီစဥ်ဆောင်ရွက် ပေးရန် အစီအစဥ်ရှိ/မရှိနှင့်စပ်လျဥ်းသည့်မေးခွန်း
ထီးလင်းမဲဆန္ဒနယ်အတွင်းရှိ ကျင်းဒေသသည် ပုံတောင်ပုံညာကြားတွင် တည်ရှိပြီး တောင်နှင့် မြောက်အလျားလိုက်တည်ရှိနေသော ဒေသလေးတစ်ခုဖြစ်ပါကြောင်း၊ ထီးလင်းမြို့နှင့် ၂၃ မိုင်ကျော် ဝေးကွာသည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါဒေသသည် ထီးလင်း-ပေါက်ကားလမ်းပေါ်တွင် တည်ရှိပြီး သွားလာရလွယ်ကူသောဒေသတစ်ခုလည်းဖြစ်ပါသည့်အပြင် ကျေးရွာအုပ်စုပေါင်း ကိုးခု၊ အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်၊ လူဦးရေပေါင်း ၄၀၀၀ ကျော် နေထိုင်သည့်ဒေသဖြစ်ပါကြောင်း၊ ၎င်းဒေသသည် တစ်ရွာနှင့်တစ်ရွာနီးကပ်စွာတည်ရှိပြီး တောင်စွန်းနှင့်မြောက်စွန်းသည် ၁၅ မိုင်ခန့် သာရှိပြီး ဆောမြို့နယ်ဘက်က တပြင်းကျေးရွာနှင့်လည်းဆက်သွယ်လျက်ရှိပါကြောင်း၊


Read More...

: 06-Dec-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည် အဆို/မေးခွန်းများ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည် အဆို/မေးခွန်းများ


Read More...

: 05-Dec-2018
မြန်မာနိုင်ငံအတွင်း Digital Meter များကို မည်ကဲ့သို့အစီအစဉ်ချ၍ တပ်ဆင်ရန်ဆောင်ရွက် နေသည်နှင့် ကျောက်တံတားမြို့နယ်အတွင်း မည်သည့်အချိန်တွင် တပ်ဆင်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် အသုံးများသော မီတာအမျိုးအစားသည် Analog Meter ဖြစ်ပါကြောင်း၊ Analog Meter သည် မီတာ ယူနစ်မည်မျှသုံးသည်ကို လူကိုယ်တိုင်အိမ်အရောက် သွားရောက် ဖတ်ရှုရပါကြောင်း၊ Digital Meter တွင် OMR အမျိုးအစားသည် လူကိုယ်တိုင် မီတာအနီးသွားရောက်ဖတ်ရှုရသည့် HHU (Hand-Hand Unit)နှင့် AMR အမျိုးအစားသည် မီတာကို Control Centre က အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုနိုင်သည့် အမျိုးအစားဟူ၍ (၂) မျိုးရှိပါကြောင်း


Read More...

: 23-May-2018
မဘိမ်းမြို့ (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်နေပြီး မည်သည့်အချိန်တွင် ရရှိမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မဘိမ်းမြို့နယ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်တွင်တည်ရှိပါကြောင်း၊ အသစ်ဖွဲ့စည်းလိုက် သည့် မိုးမိတ်ခရိုင်တွင် မိုးမိတ်မြို့နှင့် မဘိမ်းမြို့ဟူ၍ မြို့နှစ်မြို့ရှိပါကြောင်း၊ အခုလက်ရှိအနေအထားတွင် မိုးမိတ်မြို့တွင် ၂၄ နာရီမီးလင်းနေပြီဖြစ်ပါကြောင်း၊ မဘိမ်းမြို့နှင့် မိုးမိတ်မြို့သည် ၃၆ မိုင်ဝေးပါ ကြောင်း၊ မဘိမ်းမြို့ကို အိမ်ခြေ ၁၁၀၀ ၊ ရပ်ကွက် (၄) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး အဓိကလယ်ယာ လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုပါကြောင်း၊


Read More...

: 22-May-2018