တောင်ငူ-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်းမပေါ် ဆိုက်ခေါင်မှတောင်ဘက် ကယားနယ်စပ်အထိ နှင့် (၂)မိုင်အတွင်းရှိကျေးရွာများအား ဓာတ်အားလိုင်း သွယ်တန်းပေးမည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သည် စတုရန်းမိုင် ၉၇၁ ကျယ်ဝန်းပြီး မြို့ပေါ် ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ရွာပေါင်း ၃၂၂ ရွာဖြင့့်် ဖွဲ့စည်းထားရှိပြီး ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ ကယန်း၊ လီဆူး၊ အင်းသားနှင့် အခြားတိုင်းရင်းသားများအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀၀၀၀ ခန့် နေထိုင်လျက်ရှိပါကြောင်း၊ အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ အနောက်ဘက် တွင် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် တောင်ဘက်တွင် လောပိတရေအား လျှပ်စစ်စက်ရုံတည်ရှိရာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါကြောင်း၊
Read More...