The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့လွှတ်တော်ကဏ္ဍ


လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ ကျေးရွာတွင်း ၄၀၀ ဓာတ်အားလိုင်း သွယ်တန်းရာတွင် ၁ မိုင် နှုန်းထားကို မည်မျှသတ်မှတ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ မဲဆန္ဒနယ်တွင် ပြီးခဲ့သည့်ခြောက်လ ဘတ်ဂျက်မှာ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၁၃ ရွာကျော်ကို မီးလင်းခဲ့ပါကြောင်း၊ ၎င်းကျေးရွာများ မီးသွယ်တန်းသည့် နေရာတွင် ကျေးရွာတွင်း ၄၀၀ ဓာတ်အားလိုင်းကို တစ်မိုင်ကို ၂၄ သိန်းဖြင်‌့ ဌာနမှသွယ်တန်း ခဲ့ကြပါကြောင်း၊ ပထမဈေးနှုန်းပြောစဉ်က တစ်မိုင်ကို ၂၄ သိန်း၊ ထမင်းလည်း ကျွေးစရာမလို၊ ရေလည်းတိုက်စရာမလို ကြောင်း ပြောခဲ့ပါသည်။


Read More...

: 06-Feb-2019
မိုင်းစံမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် မိုင်းနောင်မြို့ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ မိုင်းစံမြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်း ၂၆ မိုင်သွယ်တန်းပြီး မိုင်းစံမြို့တွင် ၅ အမ်ဗွီအေဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ခြင်း၊ ၁၁ ကေဗွီလိုင်း၊ ၄၀၀ ဗို့အားလိုင်းတည်ဆောက်ခြင်း၊ ၂၀၀/၁၆၀ ကေဗွီအေ ထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၂-၁-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စုလေးအုပ်စုတို့ကို စုစည်းပြီး မိုင်းစံမြို့နယ်ခွဲအဖြစ် ကနဦးစတင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၆၁၁/၂၀၁၄) ဖြင့် ရပ်ကွက်သုံးရပ်ကွက် ပါဝင်သည့် မိုင်းစံမြို့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း ယခုအချိန်ထိ လျှပ်စစ်မီးအပြည့်အဝသုံးစွဲခွင့် မရရှိခြင်းကြောင့် မြို့အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိဘဲ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ရှိနေပါကြောင်း၊


Read More...

: 05-Feb-2019
လျှပ်စစ်ဓာတ်ကြိုးဖြတ်တောက်ပြီး မြေပြင်သို့ပြုတ်ကျမှုများကြောင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှုပေးနိုင်သော SAC လျှပ်ကာ ဓာတ်ကြိုများ လွဲလှယ်မှုကို မည်ကဲ့သို့အစီအမံချပြီး‌ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း
ရန်ကုန်မြို့တွင် လွန်ခဲ့သည့် မိုးရာသီတွင် ၈ တန်းကျောင်းသား အပြစ်မဲ့ကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ပါကြောင်း၊ မသေသင်‌့သည့် ကလေးငယ်များ၊ ပြည်သူလူထုများ အသက်ဆုံးရှုံးခဲ့ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်လုပ်သားများ အကာအကွယ်မရှိဘဲ အသက်စွန့်စားပြီး လုပ်ရသည့်အတွက် အန္တရာယ်ကြီးစွာရင်ဆိုင်နေရပြီး ထိခိုက်သေကြေမှုများရှိခဲ့ပါကြောင်း၊


Read More...

: 06-Dec-2018
မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက် များအတွက် 66/11 KV ၊ 5MVA ဓာတ်အားခွဲရုံ(၂)ရုံအား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်းတုန်းမြို့သည် ပုသိမ်-မုံရွာလမ်းမကြီးနှင့် ၃ မိုင် ၄ ဖာလုံ ကွာဝေးပြီး ရပ်ကွက် လေးခု၊ ကျေးရွာ အုပ်စု ၇၂ အုပ်စုတို့နှင့် ကျေးရွာပေါင်း ၁၇၆ ရွာရှိသော မြို့တစ်မြို့ဖြစ်ပြီး လျှပ်စစ်မီးရရှိရေး လိုအပ် နေသည့် မြို့ဖြစ်ပါကြောင်း၊


Read More...

: 06-Dec-2018
တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်းသွယ်တန်းပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် လူဦးရေ ၁၂၇၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံ၏ အနောက်မြောက် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွင် တည်ရှိပါကြောင်း၊ ၈.၄.၂၀၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီမှ တစ်ယူနစ်လျှင် နှစ်ရာကျပ်နှုန်းဖြင်‌့ လျှပ်စစ် ဓာတ်အားဝယ်ယူအသုံးပြုနေပါကြောင်း၊


Read More...

: 06-Dec-2018