The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်အား မိဘပြည်သူများသို့  အသိပေးကြေငြာခြင်း
ယခုအခါ မုတ်သုန်လေဆုတ်ခွာပြီး မိုးရာသီကာလကုန်ဆုံး၍ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ထို့အပြင် ပြင်းထန်အယ်နီညိုရာသီဥတုဖြစ်စဉ် သက်ရောက်မှု များကြောင့် နိုင်ငံအတွင်း အပူချိန်သိသာစွာမြင့်မားလာပြီး ဓာတ်အားသုံးစွဲမှုများ      မြင့်တက်ကာ ဓာတ်အားလိုအပ်ချက် တိုးတက်မြင့်မားလျက်ရှိပါသည်။


Read More...

: 04-Oct-2026
၁၃၂ ကေဗွီ ရွှေစာရံ-ရတနာပုံ-အနီးစခန်း(ပြင်ဦးလွင်) ဓာတ်အားလိုင်းတွင် ကွဲအက် ကြွေသီးအစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားကာကွယ်ရေးစက်ကိရိယာ ချို့ယွင်းမှုအား အစားထိုးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၁၃၂ ကေဗွီ ရွှေစာရံ-ရတနာပုံ-အနီးစခန်း (ပြင်ဦးလွင်) ဓာတ်အားလိုင်းတွင် ကွဲအက်ကြွေသီး အစားထိုးလဲလှယ်ခြင်း၊ ၁၃၂ ကေဗွီ အနီးစခန်း ဓာတ်အားခွဲရုံရှိ ၆၀ အမ်ဗွီအေ ပင်မထရန်စဖော်မာတွင် တပ်ဆင်ထားသော ဓာတ်အားကာကွယ်ရေး စက်ကိရိယာ ချို့ယွင်းမှုအား အစားထိုးတပ်ဆင်ခြင်းစသည့် လုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၄:၀၀) နာရီအထိ ဓာတ်အားပိတ်ဆောင်ရွက်မည် ဖြစ်ပါ၍ ပြင်ဦးလွင်မြို့နယ်ရှိ စက်ရုံ/အလုပ်ရုံများ၊ ရပ်ကွက်နှင့် ကျေးရွာများ၊ အချိန်(၄)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှတစ်ဆင့် ကြိုတင်အသိပေးထားပြီး ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။


Read More...

: 26-Sep-2026
၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံတွင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံရှိ ချို့ယွင်းမှုဖြစ်ပေါ်နေသော ဗို့အားတိုင်းတာရေးပစ္စည်းအား အစားထိုးလဲလှယ်ခြင်းနှင့် အပူချိန်မြင့် တက်မှုဖြစ်ပေါ်နေသော ဓာတ်အားလွှတ်ကြားခံပစ္စည်းများကို အစားထိုးလဲလှယ်ခြင်းစသည့်လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် ခွဲရုံအတွင်းရှိ ၃၃ ကေဗွီ ပင်မဖြန့်ဖြူးရေးလိုင်း (၁) အား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့၊ (၁၂:၀၀)နာရီမှ (၁၆:၀၀)နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည် ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာ မြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ အချို့ရပ်ကွက်နှင့် ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများ၊ စက်မှုဇုန်များ အချိန်(၃)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများ ရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှတစ်ဆင့် ကြိုတင် အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။


Read More...

: 23-Sep-2026
System Breakdown ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားပေးစက်ရုံအချို့နှင့် ဓာတ်အားလိုင်းအချို့ ပုံမှန်လည်ပတ်ပို့လွှတ်နိုင်မှုမရှိသည့် အခြေအနေတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ ဓာတ်အားအပြည့်အဝ ရရှိစေရေးအတွက် စွန့်လွှတ်စွန့်စားစိတ်များဖြင့် ဖျက်ဆီးခံထားရသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများပြုပြင်ခြင်း၊ ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ပြောင်းလဲချိတ်ဆက်ခြင်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 19-Sep-2026
၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံတွင် ကြိုးအစားထိုးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံရှိ ၁၃၂ ကေဗွီ သာစည်-မြင်းခြံဓာတ်အားလိုင်းတွင် ကြိုးလွန်းပွမှုဖြစ်ပေါ်နေသော ကြိုးများအား အစားထိုး လဲလှယ်ခြင်းလုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့၊ (၀၈:၀၀) နာရီမှ (၁၂:၀၀) နာရီ အထိ ဓာတ်အားပိတ်ဆောင်ရွက်ရမည်ဖြစ်ပါ၍ တောင်သာမြို့၊ မြင်းခြံမြို့၊ နွားထိုးကြီးမြို့များရှိ အချို့ ရပ်ကွက်နှင့် ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများ အချိန်(၄)နာရီကြာခန့် ယာယီဓာတ်အားပြတ်တောက် နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။


Read More...

: 19-Sep-2026