The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


ယာယီဓာတ်အားပိတ်ဆောင်ရွက်မည့်သတင်းအား အများပြည်သူသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း
မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေး စက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမို သယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်တို့ အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်း ကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို  တိုင်အမှတ် (၁၁၄)နှင့် (၁၁၅) ကြား နှင့် တိုင်အမှတ် (၁၁၈) နှင့် (၁၁၉)ကြားတို့တွင် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ လုပ်ငန်း ဆောင်ရွက် မည့် ဓာတ်အားလိုင်းအပိုင်းအောက်ရှိ ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ဓာတ်အားပိတ်ထားမည် ဖြစ်ပါသည်။


Read More...

: 08-Jul-2026
၂၃၀ ကေဗွီ နေပြည်တော်-၁ ပင်မဓာတ်အားခွဲရုံ၊ ၂၃၀/၃၃/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေထရန်စဖော်မာ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
၁။    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ ထရန်စဖော်မာများနှင့် ဓာတ်အားခလုတ်ဝင်း(Switchbay)များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်း များကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 05-Jul-2026
၁၃၂ ကေဗွီ အင်းကုန်းပင်မဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ ပင်မထရန်စဖော်မာများနှင့် Switchbay(ဆွဒ်ဘေး) များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်း များကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 04-Jul-2026
ယာယီဓာတ်အားပိတ်ဆောင်ရွက်မည့်သတင်းအား အများပြည်သူသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း
မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေး စက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်တို့ အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်း ကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် ဓာတ်အားပိတ်၍ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို  ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်မှ စတင်၍ ဇွန်လ ၂၈ ရက်အထိ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ရပ်လုံး၏ (၅၄.၇၂) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့သည်။


Read More...

: 30-Jun-2026
၂၃၀ ကေဗွီ ဝါးတရာခွဲရုံ၊ အနောက်ပိုင်းတက္ကသိုလ်ခွဲရုံ၊ လှိုင်သာယာခွဲရုံများနှင့် ရွာမဓာတ်အားပေးစက်ရုံတို့တွင် ဆက်သွယ်ရေးစနစ်သုံး ဖိုင်ဘာကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်းနှင့် တောင်တွင်းကြီးဓာတ်အားခွဲရုံနှင့် ရွှေတောင်ဓာတ်အားပေးစက်ရုံတို့တွင် နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည်အစီအစဉ်များအား သတင်းထုတ်ပြန်ခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် မဟာဓာတ်အားလိုင်း ကွန်ရက် အတွင်းရှိ ဆက်သွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန် အဆင့် မြှင့်တင်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ၂၃၀ ကေဗွီ ဓာတ်အားပို့လွှတ်ရေး တာဝါတိုင် အချို့၌ လက်ရှိတပ်ဆင်ထားသော မြေစိုက်ကြိုးများကို ဓာတ်အားလိုင်း ဆက်သွယ်ရေးစနစ်သုံး ဖိုင်ဘာကြိုးများဖြင့် အစားထိုး လဲလှယ်သွားမည်ဖြစ်သည်။


Read More...

: 27-Jun-2026