The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


၃၃/၁၁ ကေဗွီ EV ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအား အများပြည်သူများသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း
   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ဓာတ်အား ပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများ တစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ရန် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၆) မှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ EV ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ဓာတ်အားပိတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ မြို့မဈေးယာဉ်ပြင်အလုပ်ရုံ၊ ဇေယျသိဒ္ဓိရပ်ကွက်အိမ်ရာများ၊ EV Charging Station များ ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာန များနှင့် အများပြည်သူများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းရရှိပါသည်။


Read More...

: 18-Jun-2026
လျှပ်စစ်ဓာတ်အားလေလွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် လျှပ်စစ်ဓာတ်အားတရားမဝင်ရယူသုံးစွဲမှုများကို စစ်ဆေးအရေးယူခဲ့ခြင်းနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် လျှပ်စစ် ဓာတ်အား လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင် ပြည်နယ်၊ ဘားအံ မြို့များရှိ ပျမ်းမျှယူနစ်ဖြင့် ဓာတ်အားခကောက်ခံလျက်ရှိသည့် နှစ်ကြာ/ ရပ်ပျက်နှေးမီတာများနှင့် LNG နှုန်းဖြင့် ကောက်ခံလျက်ရှိသည့် Analog မီတာများအား AMI မီတာများဖြင့် လဲလှယ်ခြင်း၊ လက်ရှိတပ်ဆင်အသုံးပြုထားသော Digital မီတာအတွင်းရှိ ဓာတ်အားသုံးစွဲခဲ့မှုမှတ်တမ်း အချက် အလက်များအား Download ရယူခြင်း၊ AMI CT မီတာများအား SIM Card များထည့်၍ Control Center ဖြင့် ချိတ်ဆက်ခြင်း၊ မီတာများတွင် တပ်ဆင်ထားသော Seal မှတ်တမ်းများအား  ESE Billing Server နှင့် ချိတ်ဆက်ခြင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန် အတွက် AMI Monitoring and Control Center ကြီးကြပ်ရေးအဖွဲ့မှ ၂၅-၅-၂၀၂၆ ရက်နေ့မှစ၍ သွားရောက်စစ်ဆေးလျက်ရှိပါသည်။


Read More...

: 16-Jun-2026
မန်းဓာတ်အားပေးစက်ရုံတွင် Multifunction Meter များ အသစ်အစားထိုး လဲလှယ်တပ်ဆင်ရန် ယာယီဓာတ်အားပိတ်ဆောင်ရွက်ခြင်အား သတင်းထုတ်ပြန်ခြင်း
 မန်းဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင်တည်ရှိ ပြီး ၄င်းစက်ရုံကို Supervisory Control And Data Acquisition (SCADA) စနစ်ဖြင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်နေသော အခြေအနေများကို National Control Center (NCCနေပြည်တော်)မှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး ဓာတ်အားစနစ် ထိန်းချုပ်ကွပ်ကဲမှု ပိုမိုကောင်းမွန်စေရန်နှင့် ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မန်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်နေသော ဖီဒါများ၏ Multifunction Meter များကို အသစ်အစားထိုး လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစက်ရုံရှိ ၁၃၂/၃၃/၁၁ ကေဗွီ ၅၀ အမ်ဗွီအေ ထရန်စဖော်မာအား ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့ နံနက် (၀၈:၀၀)နာရီ မှ (၁၂:၀၀)နာရီ လည်းကောင်း၊   ၁၃၂/၆၆/၁၁ ကေဗွီ ၄၀ အမ်ဗွီအေ ထရန်စဖော်မာအား (၁၄:၀၀)နာရီမှ (၁၇:၀၀) နာရီအထိ လည်းကောင်း ယာယီဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


Read More...

: 13-Jun-2026
လျှပ်စစ်ကိုနှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ၂၃၀ ကေဗွီ ကနောင်ပင်မဓာတ်အားခွဲရုံတွင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများ၊ Main ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်း၊ ချို့ယွင်းပစ္စည်းများ အစားထိုး လဲလှယ်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 13-Jun-2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံတွင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများ၊ Main ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများအား ထိန်းသိမ်းပြုပြင်ခြင်း၊ ချို့ယွင်းပစ္စည်းများ အစားထိုး လဲလှယ်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 12-Jun-2026