The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ၁၁ ကေဗွီ ဖီဒါ(၉)ဓာတ်အားလိုင်းအား ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းအား အများပြည်သူသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄  ရက်နေ့တွင် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၇) ၏ ၁၁ ကေဗွီ ဖီဒါ(၉) ဓာတ်အားလိုင်းကို နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီအထိ ထိန်းသိမ်း ပြုပြင်ခြင်း ဆောင်ရွက်မည်ဖြစ်သဖြင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဟိုတယ်ဇုန်အား ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ  အများပြည်သူများအား ကြိုတင် အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရပါသည်။


Read More...

: 03-Jun-2026
ကျိုင်းတောင်းစက်ရုံ၏ ဓာတ်အားပေးစက်များအား အလှည့်ကျရပ်တန့်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအား သတင်းထုတ်ပြန်ခြင်း
ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲ မြို့နယ်၊ နမ့်တိန်ချောင်းပေါ်တွင် တည်ဆောက်ထားပြီး (၁၈) မဂ္ဂါဝပ်ထွက်ရှိသော ဓာတ်အားပေးစက် (၃) လုံးဖြင့် စုစုပေါင်းတပ်ဆင်အင်အား (၅၄) မဂ္ဂါဝပ်ရှိသည့် ဓာတ်အားပေးစက်ရုံ တစ်ရုံဖြစ်ပါသည်။ အဆိုပါ စက်ရုံသည် Run-Off River Type စက်ရုံ အမျိုးအစားဖြစ်သည်နှင့်အညီ ရေဝင်ရောက်မှု အခြေအနေပေါ်မူတည်၍ ဓာတ်အားပေးစက်များအား မောင်းနှင်ပြီး ဓာတ်အားထုတ်လုပ်ပေးလျက် ရှိပါသည်။


Read More...

: 02-Jun-2026
အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိရန် ရည်ရွယ်၍ ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် 1111 အသုံးပြု၍ SMS ကတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)
အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိရန် ရည်ရွယ်၍ ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် 1111 အသုံးပြု၍ SMS ကတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)


Read More...

: 01-Jun-2026
နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ကြပါရန် ဖိတ်ခေါ်ခြင်း
 မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ပေါကြွယ်ဝစွာရရှိနေသော်လည်း နေရောင်ခြည်စွမ်းအင်အရင်း အမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်မှုပမာဏသည် နည်းပါးလျက်ရှိနေပါသည်။


Read More...

: 01-Jun-2026
မီးသုံးစွဲသူပြည်သူများသို့ အသိပေးပန်ကြားချက်
ယနေ့ ၂၆-၅-၂၀၂၆ ရက်နေ့၊ နေ့လယ် ၁၂:၀၅ နာရီအချိန်တွင် ၁၃၂ ကေဗွီ ညောင်ပင်ကြီး - ဗုဒ္ဓကုန်း ဓာတ်အားလိုင်း၌ လိုင်းချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။


Read More...

: 26-May-2026