The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


၆၆ ကေဗွီ တောင်ကြီး-ဟိုပုံး ဓာတ်အားလိုင်း တစ်လျှောက်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် Jumper Connection များစစ်ဆေးခြင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဓာတ်အားပိတ်ဆောင်ရွက်ခြင်းအား သတင်းထုတ်ပြခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိုးဦးကာလကျရောက်ပြီဖြစ်သောကြောင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် ၆၆ ကေဗွီ တောင်ကြီး-ဟိုပုံး ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ ဟိုပုံးနှင့် မိုင်းပွန် ဖီဒါဓာတ်အားလိုင်းများနှင့် မလွတ် ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ Jumper Connection များစစ်ဆေးခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်နေ့များတွင် (၀၉း၀၀)နာရီမှ (၁၆း၀၀)နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ ဆောင်ရွက်နေချိန်အတွင်း ဟိုပုံးမြို့ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ အရေးကြီးနေရာများ ဟိုပုံးမြို့၊ ကျောက်တန်းမြို့၊ မိုင်းပွန်မြို့များရှိ ရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၀၆)ရွာမှ မီးသုံးသူ (၁၆၅၁၇)ဦး ယာယီဓာတ်အားပြတ်တောက် နေမည်ဖြစ်ပါသဖြင့် ဓာတ်အားပိတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ အများပြည်သူများကို ကြိုတင်ညှိနှိုင်း အကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။


Read More...

: 11-Jun-2026
၃၃ ကေဗွီ ဓာတ်အားလိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ယာယီဓာတ်အားပိတ်၍ ဆောင်ရွက်ခြင်းအား အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်း စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ၃၃ ကေဗွီ Project M/O ဓာတ်အားလိုင်းအား နံနက် ၈ နာရီမှ နေ့လယ် ၃ နာရီ အထိ လည်းကောင်း၊  ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ၃၃ ကေဗွီ MRTV - 1 ဓာတ်အားလိုင်းအား နံနက် ၈ နာရီမှ နေ့လယ် ၃ နာရီ အထိလည်းကောင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အဆိုပါဓာတ်အားလိုင်းများ ယာယီဓာတ်အား ပြတ်တောက် နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို  ကြိုတင် အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရပါသည်။


Read More...

: 11-Jun-2026
၃၃ ကေဗွီ အေလာ ဓာတ်အားလိုင်းအား ပြောင်းရွှေ့သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအား အများပြည်သူများ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အေလာမြို့၊ ဝက္ကမူကျေးရွာအနီး ရန်ကုန် - မန္တလေး မီးရထားသံလမ်းဘေး (AH1) လမ်းမကြီးရှိ မီးရထားသံလမ်း ခုံးကျော်တံတား တည်ဆောက်ခြင်းနှင့် မလွတ်ကင်းသည့် ၃၃ ကေဗွီ ပျဉ်းမနား - အေလာ ဓာတ်အားလိုင်း ပြောင်းရွှေ့သွယ်တန်းခြင်း ဆောင်ရွက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ ညနေ (၀၅:၀၀) နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အေလာမြို့နှင့် သာဝတ္ထိမြို့ရှိ အစိုးရရုံးဌာနများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဓာတ်အားယာယီပြတ်တောက်နေမည် ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ အစိုးရရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။


Read More...

: 11-Jun-2026
၆၆ ကေဗွီ ကျိုင်းတုံ-မိုင်းခုတ် ဓာတ်အားလိုင်း ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးပန်ကြားချက်
၆၆ ကေဗွီ ကျိုင်းတုံ-မိုင်းခုတ် ဓာတ်အားလိုင်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရိုင်၊ မြို့ဧရိယာများတွင် စဉ်ဆက်မပြတ် ဓာတ်အားပိုလွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အရေးပါသည့် ဓာတ်အားလိုင်းဖြစ်ပြီး ကျိုင်းတုံမြို့နယ်၊ မိုင်းလုကျေးရွာအနီး တာဝါတိုင်အမှတ် (၁၁၂၊ ၁၃၀၊ ၁၅၅၊ ၁၇၁ နှင့် ၁၈၆) ၊ စုစုပေါင်း (၅) တိုင်တွင် ကြွေသီးများကွဲနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ကြွေသီးကွဲများအား ကြွေသီးတွဲအသစ် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။


Read More...

: 06-Jun-2026
၃၃ ကေဗွီ တပ်ကုန်း ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအား အများပြည်သူများ သိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း
    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့အတွင်း ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်း များတစ်လျှောက်  မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ၃၃ ကေဗွီ တပ်ကုန်း ဓာတ်အားလိုင်း ကို နံနက် ၈ နာရီမှ နေ့လယ် ၁ နာရီအထိ ဓာတ်အားပိတ်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာများရှိ  အစိုးရရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရှိရပါသည်။


Read More...

: 05-Jun-2026