The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ၆၆ ကေဗွီ မြန်အောင် - ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်း ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးပန်ကြားချက်
၁။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်မြို့နယ်၊ ကညင်ဆည်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းပြီးစီးပါက ထွက်ရှိမည့်ဓာတ်အားကို အင်္ဂပူမြို့နယ် ၆၆ ကေဗွီ ထူးကြီးဓာတ်အားခွဲရုံသို့ ပို့လွှတ်သွားမည် ဖြစ်သဖြင့် ၎င်းခွဲရုံနှင့်ချိတ်ဆက်မည့် ၆၆ ကေဗွီ မြန်အောင် - ဟင်္သာတ အမှတ်(၁) ဓာတ်အားလိုင်း ကို ၁၅-၇-၂၀၂၆ ရက်(ဗုဒ္ဓဟူးနေ့)တွင် မွန်းလွဲ ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီအထိ (၂)နာရီ ကြာ ဓာတ်အားပိတ်၍ ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။


Read More...

: 14-Jul-2026
၃၃ကေဗွီ ဇေယျဝတီဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းအတွက် အများပြည်သူသိရှိနိုင်ပါရန် သတင်းထုတ်ပြန်ခြင်း
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၊ ဇေယျဝတီမြို့၊ ကျွဲပွဲမြို့၊ အမြန်လမ်း (၁၁၅) မိုင် EV Charging Station များကို စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ တောင်ငူ (ဟင်းငုတ်ပင်) ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ ဇေယျဝတီဓာတ်အားလိုင်းနှင့် နီးကပ်လျက်ရှိသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းကြံ့ခိုင်ကောင်းမွန်စေရန် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီမှ နေ့လည် (၁၃:၀၀) နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ် ၃၃ ကေဗွီ ဇေယျဝတီ ဓာတ်အားလိုင်းမှ ဓာတ်အားဖြန့်ဖြူးပေးထားသော ဖြူးမြို့၊ ဇေယျဝတီမြို့၊ ကျွဲပွဲမြို့၊ အမြန်လမ်း (၁၁၅) မိုင် EV Charging Station များ ယာယီ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပြတ်ဧရိယာအတွင်းရှိ ဌာနဆိုင်ရာများနှင့် EV Charging Station များကို ကြိုတင် အသိပေး အကြောင်းကြားထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။


Read More...

: 13-Jul-2026
၂၃၀ ကေဗွီ ကမာနတ်ပင်မဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ဝေါဓာတ်အားလိုင်း၏ ဓာတ်အားဖြတ်ခလုတ်အား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်အားပိတ်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးပန်ကြားချက်
၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတ တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ ထရန်စဖော်မာများနှင့် ဓာတ်အားခလုတ်ဝင်း (Switchbay) များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေး ဓာတ်အားလိုင်းများကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 13-Jul-2026
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို့ အသိပေးပန်ကြားခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ် နိုင်ရေးကြိုးပမ်းနေသကဲ့သို့ ပြည်သူများ လျှပ်စစ်ဓာတ်အားကို စနစ်တကျသုံးစွဲလာစေရန် အသိ ပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ နည်းပညာ ကြောင့် ဓာတ်အားပျောက်ဆုံးမှုနှင့် နည်းပညာကြောင့် မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှု(ဓာတ် အားခိုးယူသုံးစွဲမှု)များ လျော့နည်းပပျောက်သွားစေရေးအတွက်လည်း အစီအမံများချမှတ်ဆောင် ရွက်လျက်ရှိပါသည်။


Read More...

: 12-Jul-2026
နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ကြပါရန် ဖိတ်ခေါ်ခြင်း
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာ တိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျယ်ပြန့်စွာ ကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသားကျောင်းသူများ၊ စိတ်ပါဝင်စား သူများ တက်ရောက်ဆွေးနွေးအကြံပြုကြပါရန် ၁-၆-၂၀၂၆ ရက်နေ့မှ စတင်၍ နိုင်ငံပိုင် သတင်းစာနှင့် ရုပ်သံအစီအစဉ်များမှတစ်ဆင့် အသိပေးဖိတ်ခေါ်လျက်ရှိပါသည်။


Read More...

: 11-Jul-2026