The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၁၇၀ မဂ္ဂါဝပ် ) အား စတင် အကောင်အထည်ဖော်တည်ဆောက်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည့်သတင်း
မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၁၇၀ မဂ္ဂါဝပ် ) အား စတင် အကောင်အထည်ဖော်တည်ဆောက်ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လ (၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်တည်ဆောက်မည့်  နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဌာနအကြီးအကဲများ နှင့် တာဝန်ရှိသူများ ၊ Green Earth Power (Myanmar) Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်သီဟ နှင့် အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Feb-2018
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုမည့် ACSR Conductor များ ဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီ (၂) ခုနှင့် ပစ္စည်းဝယ်ယူရေးစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပသည့်သတင်း
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုမည့် ACSR Conductor များ ဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီ (၂) ခုနှင့် ပစ္စည်း ဝယ်ယူရေးစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 01-Feb-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပသည့်သတင်း
မြန်မာ့ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်းများအချင်းချင်း စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်ရည်ရွယ်၍ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၂၇)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 31-Jan-2018
မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် LNG သုံး ဓာတ်ပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများ တည်ဆောက်မည့် အခြေအနေနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် MRTV တို့ တွေ့ဆုံမေးမြန်းသည့်အစီစဉ်
(၁) မေး။      ပြည်ထောင်စုဝန်ကြီးရှင့် လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအမြင့် ဆုံးအခြေအနေကို သိရှိလိုပါတယ်ရှင့်


Read More...

Posted under : ဝန်ကြီးရုံး
: 31-Jan-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် LNG ဓာတ်အားပေးစက်ရုံများ တည်ဆောက်အကောင်အထည်ဖော်ရန်အတွက် စီမံကိန်းဆောင်ရွက်မည့်ကုမ္ပဏီများသို့ Notice to Proceed ပေးအပ်သည့်အခမ်းအနား တက်ရောက်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ LNG ဓာတ်အားပေးစက်ရုံများ တည်ဆောက် အကောင် အထည်ဖော်ရန်အတွက် စီမံကိန်းဆောင်ရွက်မည့်ကုမ္ပဏီများသို့ Notice to Proceed ပေးအပ်သည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် Horizon Lake View Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Jan-2018