ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မတ် ၂ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့ရှိပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံးသို့ ရောက်ရှိပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး သည် မိမိတို့ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုပင်ဖြစ်ပါကြောင်း၊ လက်ရှိ ထုတ်လုပ်မှုအရ (၃၀၀၀) မဂ္ဂါဝပ်ရှိသဖြင့် နောင်လာမည့်(၂)နှစ် (၃)နှစ်တွင် နောက်ထပ် (၃၀၀၀)မဂ္ဂါဝပ် ခန့်လိုအပ်မည် ဖြစ်ကြောင်း၊
Read More...
Posted under : ဝန်ကြီးရုံး
: 02-Mar-2018
၂၀၁၈ခုနှစ်၊အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အာဆီယံစွမ်းအင် ဆိုင်ရာဗဟိုဌာန(ACE) တို့မှကြီးမှူး၍ ၂၀၁၈ ခုနှစ် စွမ်းအင်ထိရောက်စွာ အသုံးပြုထားသော အဆောက်အအုံများ (Energy Efficient Building) ပြိုင်ပွဲ၊ ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ (Renewable Energy Project) ပြိုင်ပွဲ၊အဆောက်အအုံနှင့်စက်ရုံများ၏ အကောင်းဆုံးစီမံ ခန့်ခွဲမှုစနစ်(Energy Management) ပြိုင်ပွဲ၊ စိမ်းလန်းအဆောက်အအုံများ (Green Building) ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍဣနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပါဝင်ယှဉ်ပြိုင်နိုင် ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Feb-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်မဟာ ဓာတ်အားလိုင်း (၅၂.၂၆)မိုင် တည်ဆောက်ရေးလုပ်ငန်းခွင်၊ (၂၃၀/၆၆/၁၁) ကေဗွီ၊ (၁၀၀)အမ်ဗွီအေ ကျိုက်လတ် ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှုအခြေအနေ နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ Data Center အား ကြည့်ရှုစစ်ဆေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း(၅၂.၂၆)မိုင် တည်ဆောက်ရေးလုပ်ငန်းခွင်၏ တွံတေးမြို့နယ် အပိုင်း တာဝါတိုင်အမှတ်( ၇၂ )သို့ ရောက်ရှိပြီး စီမံကိန်းစခန်းအတွင်း ခင်းကျင်းပြသထားသော တည်ဆောက် ရေးလုပ်ငန်းခွင်သုံး စက်ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက စက်ပစ္စည်းအသုံးပြုမှုအခြေအနေများအား လက်တွေ့သရုပ်ပြ၍ ရှင်းလင်းတင်ပြကြပါ သည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝါတိုင် အမှတ်(၇၂)တွင် ကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ် ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 25-Feb-2018
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့်ပတ်သက်၍ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 24-Feb-2018
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 21-Feb-2018