The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


၂၀၁၈ခုနှစ်၊အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အာဆီယံစွမ်းအင် ဆိုင်ရာဗဟိုဌာန(ACE) တို့မှကြီးမှူး၍ ၂၀၁၈ ခုနှစ် စွမ်းအင်ထိရောက်စွာ အသုံးပြုထားသော အဆောက်အအုံများ (Energy Efficient Building) ပြိုင်ပွဲ၊ ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ (Renewable Energy Project) ပြိုင်ပွဲ၊အဆောက်အအုံနှင့်စက်ရုံများ၏ အကောင်းဆုံးစီမံ ခန့်ခွဲမှုစနစ်(Energy Management) ပြိုင်ပွဲ၊ စိမ်းလန်းအဆောက်အအုံများ (Green Building) ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍဣနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပါဝင်ယှဉ်ပြိုင်နိုင် ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 28-Feb-2018
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်မဟာ ဓာတ်အားလိုင်း (၅၂.၂၆)မိုင် တည်ဆောက်ရေးလုပ်ငန်းခွင်၊ (၂၃၀/၆၆/၁၁) ကေဗွီ၊ (၁၀၀)အမ်ဗွီအေ ကျိုက်လတ် ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှုအခြေအနေ နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ Data Center အား ကြည့်ရှုစစ်ဆေးသည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း(၅၂.၂၆)မိုင် တည်ဆောက်ရေးလုပ်ငန်းခွင်၏ တွံတေးမြို့နယ် အပိုင်း တာဝါတိုင်အမှတ်( ၇၂ )သို့ ရောက်ရှိပြီး စီမံကိန်းစခန်းအတွင်း ခင်းကျင်းပြသထားသော တည်ဆောက် ရေးလုပ်ငန်းခွင်သုံး စက်ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက စက်ပစ္စည်းအသုံးပြုမှုအခြေအနေများအား လက်တွေ့သရုပ်ပြ၍ ရှင်းလင်းတင်ပြကြပါ သည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝါတိုင် အမှတ်(၇၂)တွင် ကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ် ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-Feb-2018
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့်ပတ်သက်၍ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် သတင်း
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-Feb-2018
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
  လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Feb-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည်  ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ​ေဖ​ေဖာ်ဝါရီလ ၁၇ ရက်​နေ့တွင်      တနင်္သာရီတိုင်း​ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့သို့ ရောက်ရှိပြီး ​ဆောက်လုပ်​ရေးဝန်ကြီးဌာန၊ ရိပ်သာတွင်  တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ေဒါက်တာလဲ့လဲ့​မော်၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး တိုင်း​ဒေသကြီးအတွင်း ဆောင်ရွက်မည့်  လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ဖွံဖြိုးတိုးတက်​ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ ​ဆွေးနွေးပြောကြားရာတွင် မြိတ်​ဒေသ တွင် စီးပွား​ရေးလုပ်ငန်းများ​ဆောင်ရွက်ရန် အခွင့်အလမ်းများရှိ​သော်လည်း လျှပ်စစ်မီးမရရှိသည့် အတွက် လုပ်ငန်းများမ​ဆောင်ရွက်နိုင်ကြောင်း၊ စီပွား​ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လမ်းပန်း ဆက်သွယ်​ရေး ​ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိ​ရေးသည် အ​ရေးကြီးပါ​ကြောင်း၊ လျှပ်စစ်မီးမရရှိ၍ ​ရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့တင်ပို့ရပါကြောင်း၊ ထို့​ကြောင့် မြိတ်​ဒေသကို နိုင်ငံ​တော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုနိုင်​အောင် ​ဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီပွား​ရေးလုပ်ငန်များလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်​ကြောင်း၊ ​သို့မှသာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ ဖြစ်ပါ​ကြောင်း၊  ထို့​ကြောင့် တနင်္သာရီတိုင်း​ဒေသကြီးအ​နေဖြင့် နိုင်ငံ​တော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားအမြန်ဆုံးရရှိပြီး အသုံးပြုနိုင်​ရေး ကြိုးပမ်း​ဆောင်ရွက်​ပေးသွားမည်ဖြစ်ပါ​ကြောင်း ​ပြောကြားပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Feb-2018