The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ ပူးပေါင်း၍ မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA မှ ဆောင်ရွက်လျက်ရှိသော သင်တန်းများ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ Traniner Candidate များအတွက်မြန်မာနိုင်ငံ တွင်ဖွင့်လှစ်သည့်သင်တန်းဖြစ်သော “လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးအတွက် သင်တန်း“ကို၂၀၁၇ခုနှစ်၊ မတ်လတစ်လ နှင့် ဇွန်လမှသြဂုတ်လအထိ သုံးလတာ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းတွင်အောက်ဖော်ပြပါခေါင်းစဉ်များနှင့်သက်ဆိုင်သော အတန်းတက်ရောက်ခြင်းနှင့် Case Study ပြုလုပ်ခြင်းများကိုပြုလုပ်ခဲ့ကြပါသည်။  


Read More...

Posted under : ဝန်ကြီးရုံး
: 06-Jan-2018
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ ပူးပေါင်း၍ မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ
လက်ရှိမြန်မာနိုင်ငံတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူလျှပ်စစ်သုံးစွဲနိုင်သောအချိုးမှာနိမ့် လျက်ရှိနေသောကြောင့်မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာနှစ်စဉ်၁၅%ခန့်တိုးလာမည် ဖြစ်ကြောင်းခန့်မှန်းပါသည်။ ၂၀၁၁-၂၀၁၂ အတွင်းတွင် ၂.၄၂ သန်းရှိသောအိမ်ထောင်စုများ (တစ်နိုင်ငံလုံး၏၂၇%) သို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ၃.၅ သန်းခန့်ရှိ သောအိမ်ထောင်စုများ(တစ်နိုင်ငံလုံး၏ ၃၄ %)သည်လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ တွင်ကျန်ရှိသော၆၆%အားလျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက်လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ ပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးများအားတိုးမြှင့်ပေးရန်လိုအပ်လျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 06-Jan-2018
နေပြည်တော်ကောင်စီနယ်မြေ၊ နန်ချို နှင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း
နေပြည်တော်ကောင်စီနယ်မြေ၊ နန်ချို နှင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦး၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှတာဝန်ရှိသူများ လိုက်ပါလျက်၆-၁-၂၀၁၈ရက်နေ့တွင် ရောက်ရှိစစ်ဆေးခဲ့ပါ သည်။


Read More...

Posted under : ဝန်ကြီးရုံး
: 06-Jan-2018
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ တတိယ ၃ လပတ်ထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် စတုတ္ထ ၃ လပတ်အတွက် လုပ်ငန်းလျာထားချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ တတိယ ၃ လပတ်အထိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် ပြန်လည်သုံးသပ်ခြင်း နှင့် စတုတ္ထ ၃ လပတ်အတွက် လုပ်ငန်းလျာထားချက်များ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ်(၄၄)၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရုံးချုပ် အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Jan-2018
ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးရေးနှင့် အခြားအရေးကြီးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် Asia General Electric Co.,Ltd နှင့် Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးရေးနှင့် အခြားအရေးကြီးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် Asia General Electric Co.,Ltd နှင့် Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ရုံးအမှတ်(၄၄)တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 03-Jan-2018