The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ နေပြည်တော်ကောင်စီနယ်မြေ အတွင်း ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းအိမ်ရာများ၊ ယာယီပြောင်းရွှေ့နေရာချထားပေးသည့် နေရာများသို့ သွားရောက်၍ ဝန်ထမ်းမိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးမြို့၏အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ မဂ္ဂနီကျု ၇.၇ အဆင့်ရှိ အင်အားပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် မြေငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးရုံးများမှ ဝန်ထမ်းမိသားစုများအား ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။


Read More...

Posted under : ဝန်ကြီးရုံး
: 31-Mar-2025
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပြတ်တောက်နေသည့်အခြေအနေနှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေး သတင်းထုတ်ပြန်ခြင်း
၁။   ၂၈.၃.၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Mar-2025
ပြည်သူလူထု လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများ တိုးတက်ရရှိစေရန်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
ပြည်သူလူထု လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများ တိုးတက်ရရှိစေရန်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ (၇) ရက်နေ့၊ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Mar-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား  ကျင်းပပြုလုပ်သည့် သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-Feb-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည့်သတင်း
 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်း (၁၅:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 22-Feb-2025