The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) ကျင်းပပြုလုပ်သည့်သတင်း
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee-NREC) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Feb-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်သည့်သတင်း
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်များရှိစေရန် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ယာဉ်ရပ်နား ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။


Read More...

Posted under : ဝန်ကြီးရုံး
: 11-Feb-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းတိုးတက်မှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် ပျဉ်းမနား မြို့နယ်ရှိ ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွင်း ဓာတ်အားအမြန် ထုတ်လုပ်ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံနှင့် စက်များ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 25-Jan-2025
နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများ
နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန်ဆုံးဓာတ်အားပြန်လည်ထုတ်လွှတ်ပို့လွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှုအခြေအနေများ


Read More...

Posted under : ဝန်ကြီးရုံး
: 08-Jan-2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဥ္စမအကြိမ် အမျိူးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည့်သတင်း
 ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသမီး ဘောလီဘောပြိုင်ပွဲ အုပ်စု (ခ) အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းတို့ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ယှဉ်ပြိုင်ကစားကြပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 12-Dec-2024