The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ ၂၃၀ကေဗွီ ဉသျှစ်ပင် ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ထားရှိမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ရွှေတောင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ နှင့် ပြည်မြို့ရှိ ၆၆ကေဗွီ စက်မှုဇုန်ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး  ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ၂၃၀ကေဗွီ အောင်လံပင်မဓာတ်အားခွဲရုံစီမံကိန်းမြေနေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Feb-2024
သတင်းထုတ်ပြန်ချက်
 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မင်းလှမြို့ရှိ ၂၃၀ကေဗွီ, ၁၀၀အမ်ဗွီအေ မင်းလှ ပင်မဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 17-Feb-2024
သတင်းထုတ်ပြန်ချက်
 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ပဲခူး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍  ရုံးလုပ်ငန်းများဆောင်ရွက် နေမှု၊ငွေကောက်ကောင်တာတွင် ပြည်သူများ ဓာတ်အားခလာရောက်ပေးဆောင်နေမှုနှင့် ၃၃ကေဗွီ အမှတ်(၂)ဓာတ်အားခွဲရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ထားရှိမှု အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။  


Read More...

Posted under : ဝန်ကြီးရုံး
: 16-Feb-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ပေါင်းလောင်းဓာတ်အားပေး စက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ဒက္ခိဏသီရိ မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပစ္စည်းစီမံရေးဌာန(စတို)၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 10-Feb-2024
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပပြုလုပ်သည့်သတင်း
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee - NREC)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 08-Feb-2024