လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ပစ္စည်းသိုလှောင်ရေးစတိုများနှင့် အိမ်သုံး၊ စက်မှုသုံး မီတာများအား စမ်းသပ်စစ်ဆေးနေသည့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တို့အား သွားရောက် ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့၏ ပစ္စည်းသိုလှောင်ရေးစတိုများသို့ ကြည့်ရှုစစ်ဆေး၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ အိမ်သုံး၊ စက်မှုသုံးမီတာများအား စမ်းသပ်စစ်ဆေးနေသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 30-Mar-2024
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒေါက်တာမျိူးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တွေ့ဆုံဆွေးနွေးမှုသတင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မတ်လ ၂၆ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Sochi မြို့၌ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 27-Mar-2024
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ပထမနေ့သို့ တက်ရောက်လေ့လာခဲ့သည့်သတင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးသစ်လင်းအုန်းနှင့် တာဝန်ရှိသူ များနှင့်အတူ မတ်လ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ် တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ပထမနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 26-Mar-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 22-Mar-2024
သတင်းထုတ်ပြန်ချက်
တည်ဆောက်ဆဲနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
Read More...
Posted under : ဝန်ကြီးရုံး
: 19-Mar-2024