The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီ အချိန်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့်  အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Aug-2024
 ‌လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းသည့်သတင်း
စွန့်လွှတ်စွန့်စားလိုသည့် စိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ‌ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက် ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Aug-2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 03-Aug-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇  ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် တွေ့ဆုံ၍ Call Center တွင် ဓာတ်အားဖြန့်ဖြူးမှုကြီးကြပ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုလ ၂၈ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၅၀၀ကေဗွီ လှိုင်သာယာပင်မ ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်တိုးတက်မှုအခြေအနေနှင့် ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး (၁/၀)မိုင်ရှိ EV Charging Station အား ဓာတ်အားပေးနိုင်ရန်အတွက် ၆၆ကေဗွီ GIS ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်တိုးတက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 29-Jul-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇  ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့အတွင်းရှိ ၆၆/၁၁ကေဗွီ, (၂၀)အမ်ဗွီအေ ညောင်ပင်ဈေးဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းစေရန် ယာယီဓာတ်အားဖြတ်တောက်ထားရှိမှု အခြေအနေတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အသုတ်မြို့ရှိ ၂၃၀ကေဗွီ အသုတ်ပင်မဓာတ်အားခွဲရုံရှိ ဆွိယာဒ် အတွင်း ၆၆ကေဗွီ Switch Bay အသစ်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ ဓာတ်အား ချိတ်ဆက်နေမှုနှင့် ဓာတ်အားပို့လွှတ်ပေးနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 28-Jul-2024