The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ပထမနေ့သို့ တက်ရောက်လေ့လာခဲ့သည့်သတင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးသစ်လင်းအုန်းနှင့် တာဝန်ရှိသူ များနှင့်အတူ မတ်လ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ် တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ပထမနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Mar-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 22-Mar-2024
သတင်းထုတ်ပြန်ချက်
တည်ဆောက်ဆဲနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း


Read More...

Posted under : ဝန်ကြီးရုံး
: 19-Mar-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၏ စက်မှုယန္တရားဌာနခွဲ(လှော်ကား)တွင် ပစ္စည်းများသိုလှောင်/ထိန်းသိမ်းထားရှိ မှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ၂၃၀ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံ၌ Switch-Bay အသစ်တိုးချဲ့ တည်ဆောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံ၏ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားထုတ်လုပ်/ ပို့လွှတ် ပေးနေမှုနှင့် စက်ရုံရှိစီမံကိန်းပစ္စည်းများ ထိန်းသိမ်းထားသိုမှုတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Mar-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ  ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ ဓာတ်အားစနစ် ကာကွယ်ရေးနှင့်လျှပ်စစ်စမ်းသပ်ရေးဌာန၌ မီတာများစမ်းသပ်စစ်ဆေးမှု အဆင့်ဆင့်တို့အား လိုက်လံ ကြည့်ရှုစစ်ဆေး၍ အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပြီး စက်ရုံရှိစီမံကိန်းပစ္စည်းများ ထိန်းသိမ်းထားသိုမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးကာ မွန်းလွဲပိုင်းတွင် ၂၃၀ကေဗွီ အလုံပင်မဓာတ်အားခွဲရုံ၌ Switch-Bay အသစ်တိုးချဲ့ တည်ဆောက်မည့်မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Mar-2024