သတင်းထုတ်ပြန်ချက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် (Gasifier) နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 02-Aug-2023
သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူခြင်းအခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်း အခမ်းအနားနှင့် ရေစက်ချမဟာမင်္ဂလာအခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ် ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း အခမ်းအနားများကျင်းပပြုလုပ်မည့်နေရာ၊သံဃာတော်များသီတင်းသုံးမည့်နေရာ၊ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးမည့် ဓာတ်အားခွဲရုံများ၏ ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် အရန်မီးစက်များ နေရာချထားမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 30-Jul-2023
သတင်းထုတ်ပြန်ချက်
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ ၊ အဘူဒါဘီမြို့ သို့ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ် အစည်းအဝေး တက်ရောက်ပြီးနောက် ဇူလိုင်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် ( ၁၅ : ၀၀ ) နာရီတွင် Ground Mounted Solar တပ်ဆင်အင်အား(၁၀) မဂ္ဂါဝပ်နှင့် Roof Top Solar (၁) မဂ္ဂါဝပ်တပ်ဆင်ထားရှိသော Masdar City Project တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ သွားရောက်လေ့လာခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Jul-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် International Solar Alliance (ISA) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကော်မတီဝန်ကြီးအဆင့် ပဉ္စမအကြိမ်အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံ၊ အဘူဒါဘီမြို့သို့ ရောက်ရှိခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 25-Jul-2023
သတင်းထုတ်ပြန်ချက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရခိုင် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကျေးရွာ များတွင် ပျက်စီးသွားသည့် ၁၁ကေဗွီနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် အဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညိှနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 21-Jul-2023