The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများ ဆန္ဒဖော်ထုတ်တွေ့ဆုံမှု အခမ်းအနားများကျင်းပပြုလုပ်သည့်သတင်း


Read More...

Posted under : ဝန်ကြီးရုံး
: 04-Mar-2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်သည့်သတင်း
မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်များရှိစေရန် ရည်ရွယ်ချက်များဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ယာဉ်ရပ်နား ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Feb-2024
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ ၂၃၀ကေဗွီ ဉသျှစ်ပင် ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ထားရှိမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ရွှေတောင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ နှင့် ပြည်မြို့ရှိ ၆၆ကေဗွီ စက်မှုဇုန်ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီးလျှပ်စစ် အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး  ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ၂၃၀ကေဗွီ အောင်လံပင်မဓာတ်အားခွဲရုံစီမံကိန်းမြေနေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 18-Feb-2024
သတင်းထုတ်ပြန်ချက်
 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မင်းလှမြို့ရှိ ၂၃၀ကေဗွီ, ၁၀၀အမ်ဗွီအေ မင်းလှ ပင်မဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 17-Feb-2024
သတင်းထုတ်ပြန်ချက်
 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ပဲခူး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍  ရုံးလုပ်ငန်းများဆောင်ရွက် နေမှု၊ငွေကောက်ကောင်တာတွင် ပြည်သူများ ဓာတ်အားခလာရောက်ပေးဆောင်နေမှုနှင့် ၃၃ကေဗွီ အမှတ်(၂)ဓာတ်အားခွဲရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ထားရှိမှု အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။  


Read More...

Posted under : ဝန်ကြီးရုံး
: 16-Feb-2024