The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ၃၃ကေဗွီ စစ္စနို့ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်းလှဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးထားရှိမှုအခြေအနေကိုကြည့်ရှုစစ်ဆေး၍ မကွေးတိုင်း ဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၌  ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေဆုံပြီး  ဝန်ထမ်းများ ဘဏ္ဏာရေး ဆိုင်ရာ ရုံးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Jan-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ သို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး Switch Yard (ဆွိစ်ယာဒ်) အတွင်း ထရန်စဖော်မာဝန်အားတိုးချဲ့တပ်ဆင်နေမှုနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Jan-2024
မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း
 မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါ သည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Jan-2024
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အတွင်းရှိ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများအားလိုက်လံကြည့်ရှုပြီး ဒက္ခိဏသီရိမြို့နယ် ဟော်တယ်ဇုန် အမှတ်(၃)ရှိ ၃၃ကေဗွီ EV Charging Station ဓာတ်အားခွဲရုံအသစ် တည်ဆောက်နေမှုအား သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 


Read More...

Posted under : ဝန်ကြီးရုံး
: 21-Jan-2024
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ   ကြည့်ရှုစစ်ဆေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၃၁)မိုင်အကွာ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်းပေါ်တွင် တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်ပေးနေမှုနှင့် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Jan-2024