သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်း ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ရသေ့တောင်မြို့နှင့် ပေါက်တောမြို့ ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့အား (၇.၆.၂၀၂၃) ရက်၊ (၁၈.၆.၂၀၂၃) ရက်၊ (၂၃.၆.၂၀၂၃) ရက်နှင့်(၅.၇.၂၀၂၃) ရက်နေ့စသည့် အသီးသီး ရက် များတွင် ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 13-Jul-2023
သတင်းထုတ်ပြန်ချက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအေးကျော်သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ နေ့လည်ပိုင်း၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ အမြန်ဆုံးပြုပြင်တည်ဆောက်၍ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညိှနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 07-Jul-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့ရှိ မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာအချို့အား (၇.၆.၂၀၂၃)ရက်၊ (၁၈.၆.၂၀၂၃)ရက်နှင့် (၂၃.၆.၂၀၂၃)ရက်နေ့စသည့် အသီးသီး ရက်များတို့တွင် ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 05-Jul-2023
သတင်းထုတ်ပြန်ချက်
အနိမ့်တမံစနစ် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်း နည်းပညာဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ ၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ ရုံးစိုက်ရာ ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 30-Jun-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၏ မြောက်ဘက်(၅)မိုင်ခန့်အကွာရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း စီးဆင်းမှုအခြေအနေ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အနည်ပို့ချနှုန်းနှင့် သောင်ထွန်း နေမှုအခြေအနေ၊ မြစ်ကမ်းပါးဝဲ/ယာ မြေမျက်နှာသွင်ပြင် ဘူမိဗေဒအခြေအနေ၊ ရေတား တမံများအခြေအနေနှင့် ကမ်းပြိုမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။
Read More...
Posted under : ဝန်ကြီးရုံး
: 29-Jun-2023