The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများ လိုက်ပါလျက် ယခုလ ၂၆ ရက်နေ့၊ ညနေပိုင်း၌ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေးရာ ဓာတ်အားခွဲရုံမှူး ဦးသောင်းလွင်က ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား တင်ပြပြီး  ညွှန်ကြားရေးမှူး ဦးလှဖုန်းက ဖြည့်စွက်တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားစနစ်အတွင်း အရေးပါသော ၁၃၂ ကေဗွီ ပင်မဓာတ်အားခွဲရုံဖြစ်သဖြင့် ခွဲရုံရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်၊ လုံခြုံရေး အသိ၊ သတိရှိကြရန်နှင့် ခွဲရုံ အတွင်း/အပြင်နှင့် ဝန်ထမ်းအိမ်ရာ သန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား ပေါင်းစပ်ဖြည့်ဆည်းပေးကာ လက်ဆောင်သစ်သီးခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ၎င်းပင်မဓာတ်အားခွဲရုံ၏ Switchyard အတွင်း ကြည့်ရှု စစ်ဆေးပြီး ခွဲရုံရှိ Transformer ၊ Switchgear နှင့် အခြားခွဲရုံသုံး ပစ္စည်းများအား ပြစ်ချက်ရှာ စစ်ဆေးရန်၊ ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို အချိန်ဇယားရေးဆွဲ၍ ပုံမှန်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 30-Jan-2023
သတင်းထုတ်ပြန်ချက်
ယခုလ ၂၆ ရက်နေ့၊ နံနက်ပိုင်း၌ တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရှိ စက်တပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ် တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံတွင် စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 28-Jan-2023
သတင်းထုတ်ပြန်ချက်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများအကျိုးပြုစေရေးအတွက် ပြည်နယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ လျှပ်စစ်ရုံးများတွင် တာဝန်ကျေကျေ ကြိုးပမ်းထမ်းဆောင်နေကြသည့် လျှပ်စစ်ဝန်ထမ်းကောင်းများအား အထူးလေးစားဂုဏ်ပြုပါကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Jan-2023
NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း တာဝါတိုင် (၁) တိုင် အား ဖောက်ခွဲဖျက်ဆီးမှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း
၁။   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေ သော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူး လျက်ရှိပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 22-Jan-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်မည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-Jan-2023