The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောက်တော်မြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့၌ အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-May-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည်  ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ(၂၆)ရက်နေ့တွင် အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရသေ့ တောင်မြို့နယ်များအတွင်း ဓာတ်အားအမြန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-May-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်း ဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့အနီးရှိ ဧရာဝတီ မြစ်၏ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်းအခြေအနေနှင့် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများအားလည်းကောင်း၊ မေလ(၂၄)ရက်နေ့တွင် ချောက်မြို့အနီး ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေစီးဆင်းမှုနှင့် အောက်ခံကျောက်သားတွေ့ရှိမှုတို့အား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-May-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည်  ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ(၂၂)ရက်နေ့တွင် အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၁)နှင့် ၆၆/၁၁ ကေဗွီအမှတ်(၂) ဆတ်ရိုးကျဓာတ်အားခွဲရုံတို့အတွင်းရှိ ပြန်လည်ပြင်ဆင်နေမှုများနှင့် ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 23-May-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည်  ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ(၂၁)ရက်နေ့တွင် အလွန့်အလွန်အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်များ လဲပြိုပျက်စီးခဲ့မှုကို အစားထိုးပြုပြင်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 21-May-2023