The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ၊ မေလ ( ၂ ) ရက်နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌   ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 02-May-2023
သတင်းထုတ်ပြန်ချက်
 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ ရွှေတောင်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနေမှု အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ၂၃၀ ကေဗွီ အလုံပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Apr-2023
သတင်းထုတ်ပြန်ချက်
 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်း ဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ   ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရုံးဆိပ်ကျေးရွာအနီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နှင့်  မြစ်ရေ လမ်းကြောင်း အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 28-Apr-2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးသည့်သတင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Apr-2023
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများအတူ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့အနီးမှ ဖြတ်သန်းသွယ်တန်းတည်ဆောက်ထားသည့် ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် ၆၇၊ ၆၈နှင့် ၆၉ တာဝါတိုင် (၃)တိုင်သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် မိုးသက်လေပြင်း များတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင် ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 23-Apr-2023