The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းဓာတ်အားလုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရနိုင်သမျှသောစွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အား ထုတ်လုပ်မှုပုံစံမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရေးကို စီမံ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်လျက်ရှိသည်များအနက်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက်(၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်း ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ အောက်တို ဘာလ ၂၃ ရက်နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 24-Oct-2022
သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဉီးစိုင်းလိတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ လျက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဉီးစီးဌာန၊ ကလောပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှု အခြေအနေ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 22-Oct-2022
သတင်းထုတ်ပြန်ချက်
နိုင်ငံတော်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော Smart City များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပြဒေသသုံး ဆိုလာစနစ်များအား တပ်ဆင်အသုံးပြုမှုသည် အခရာကျလှ ကြောင်း၊ Smart City ၏ အင်္ဂါရပ်များတွင် Energy Efficient Smart Building များ၊ Smart Home များ၊ Electric Vehicle များ၊ Data Centre များ စသည်တို့ပါဝင်ကြောင်း၊ ခေါင်မိုးများပေါ်တွင် တပ်ဆင်အသုံးပြုသည့် Rooftop Solar PV စနစ်နှင့် မြေပေါ်တွင် တပ်ဆင်အသုံးပြုသည့် Ground-mounted Solar PV စနစ်များရှိကြောင်း၊ အဆောက်အအုံတွင် တွဲဖက်အသုံးပြုသည့် Building Integrated Photovoltaic (BIPV) လည်းရှိကြောင်း၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ ကားဂိတ် များစသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၏ ကားပါကင်အမိုးများပေါ်တွင် ဆိုလာ စနစ်တပ်ဆင်၍ လျှပ်စစ်သုံးယာဉ်များ အားသွင်းရန်လည်း ဆောင်ရွက်နိုင်ကြောင်း၊ ရုပ်ကြွင်း လောင်စာများသည် တစ်ချိန်တွင် လျော့နည်းကုန်ခမ်းသွားမည်ဖြစ်ရာ ရေရှည်အတွက် အဓိက မျှော်မှန်း၍ စနစ်များကို တပ်ဆင်သုံးစွဲရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကောင်းများကို ပိုင်ဆိုင်နိုင်စေရန်အတွက် မြို့ပြဒေသသုံးဆိုလာစနစ်များ တိုးမြှင့်သုံးစွဲနိုင်စေရေး အလေးပေးကာ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Oct-2022
သတင်းထုတ်ပြန်ချက်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးရန် အတွက် ရေအားလျှပ်စစ်အရင်းအမြစ်များအား အကျိုးရှိစွာ ထုတ်ယူသုံးစွဲရေး အလေးပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ Generation Mix အတွင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် Reliable Backbone ဖြစ်နေသဖြင့် စက်ရုံရေရှည်တည်တံ့ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်နွေရာသီကာလ ပြည်သူများ၏ ဓာတ်အားလို အပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေလှောင်တမံအတွင်း ရေကြိုတင်စုဆောင်းရမည် ဖြစ်ကြောင်း၊ ယခု ရေပိုလွှဲမှ ရေလျှံကျရုံမျှ အနေအထားအတိုင်း ဓာတ်အားပေးစက်များအား ထိန်းညှိမောင်းနှင်ရမည်ဖြစ်ကြောင်း၊ တာဘိုင်၊ ဂျင်နရေတာများ၊ Transformer နှင့် Switchgear များ၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်ကာ ပြုပြင်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ ပြည်သူများအတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အစဉ်ကြိုးပမ်း စွမ်းဆောင်ရမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Oct-2022
(၁၆.၁၀.၂၀၂၂)ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအမြင့်ဆုံးမှာ (၃၃၃၈.၅)မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၅၃၄.၇)မဂ္ဂါဝပ်နာရီဖြစ်ပါသည်။
(၁၆.၁၀.၂၀၂၂)ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအမြင့်ဆုံးမှာ (၃၃၃၈.၅)မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၅၃၄.၇)မဂ္ဂါဝပ်နာရီဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Oct-2022