The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


သတင်းထုတ်ပြန်ချက်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးရန် အတွက် ရေအားလျှပ်စစ်အရင်းအမြစ်များအား အကျိုးရှိစွာ ထုတ်ယူသုံးစွဲရေး အလေးပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ Generation Mix အတွင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသည် Reliable Backbone ဖြစ်နေသဖြင့် စက်ရုံရေရှည်တည်တံ့ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့်နွေရာသီကာလ ပြည်သူများ၏ ဓာတ်အားလို အပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေလှောင်တမံအတွင်း ရေကြိုတင်စုဆောင်းရမည် ဖြစ်ကြောင်း၊ ယခု ရေပိုလွှဲမှ ရေလျှံကျရုံမျှ အနေအထားအတိုင်း ဓာတ်အားပေးစက်များအား ထိန်းညှိမောင်းနှင်ရမည်ဖြစ်ကြောင်း၊ တာဘိုင်၊ ဂျင်နရေတာများ၊ Transformer နှင့် Switchgear များ၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်ကာ ပြုပြင်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ ပြည်သူများအတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အစဉ်ကြိုးပမ်း စွမ်းဆောင်ရမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 19-Oct-2022
(၁၆.၁၀.၂၀၂၂)ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအမြင့်ဆုံးမှာ (၃၃၃၈.၅)မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၅၃၄.၇)မဂ္ဂါဝပ်နာရီဖြစ်ပါသည်။
(၁၆.၁၀.၂၀၂၂)ရက်နေ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအမြင့်ဆုံးမှာ (၃၃၃၈.၅)မဂ္ဂါဝပ်ဖြစ်ပြီး တစ်ရက်စုစုပေါင်းထုတ်လုပ်ခဲ့သည့် ယူနစ်မှာ (၆၇၅၃၄.၇)မဂ္ဂါဝပ်နာရီဖြစ်ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 17-Oct-2022
သတင်းထုတ်ပြန်ချက်
လာမည့် နွေရာသီကာလအတွင်း ပြည်သူများအတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ် ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခုကာလမှစ၍ ရေလှောင်တမံအတွင်း ရေများအား စုဆောင်းထားရှိရမည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်တာဘိုင်နှင့် ဂျင်နရေတာများအား ဓာတ်အားထုတ်လုပ်ချိန်တွင် စွမ်းရည်မြင့်မားစွာ ထုတ်လုပ်နိုင်ရေးအတွက် ကြိုတင်ပြုပြင်၍ အသင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ယင်းသို့ စက်စွမ်းရည်များ မြှင့်တင်သလို ဝန်ထမ်းများ၏ အင်ဂျင်နီယာ နည်းပညာစွမ်းရည်များအား မြှင့်တင်ကြရန်နှင့် ကြီးကြပ်သူများက မျိုးဆက်သစ် ဝန်ထမ်း ငယ်များအား မွေခံထိုက်စေဖြစ်စေရေးအတွက် အစဉ်လေ့ကျင့်ပျိုးထောင်သွားကြရန် အထူး လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 16-Oct-2022
သတင်းထုတ်ပြန်ချက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဉီးလွင်ဉီးနှင့်အတူ ၁၃.၁၀.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားနိုင်ငံ Novatek ကုမ္ပဏီမှ Chairman of the Management Board ဖြစ်သူ Mr. Leonid Mikhelson ဉီးဆောင်သောအဖွဲ့အား မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ထုတ်လုပ်ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 16-Oct-2022
သတင်းထုတ်ပြန်ချက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် ရုရှားစွမ်းအင်​​​​​​​ ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမျိုးမြင့်ဉီးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဉီးလွင်ဉီးနှင့်အတူ ၁၂-၁၀-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ရုရှားကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 13-Oct-2022