The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့်အဖွဲ့သည် ယခုလ (၂) ရက်နေ့၊ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်ထည်ဖော်ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ၊ ရေ၊ မြေ၊ ကွန်ကရစ်စမ်းသပ်ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးရုံး ကို ကြည့်ရှုစစ်ဆေး
နိုင်ငံတော် အကျိုး၊ ပြည်သူများ၏ အကျိုးကို အဓိက ရည်ရွယ်လျက် Sustainable Hydropower များကို ဌာနရှိဝန်ထမ်းများ၏ အကောင်းဆုံးစွမ်းရည်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်တည်ဆောက်ရေး ဆိုင်ရာ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေပိုလွှဲ၊ လက်တံမြောင်း၊ အဆောက်အဦများသည် ခေတ်မီဒီဇိုင်းဖြစ်စေကာ အရည်အသွေး ပြည့်မီ၍ လုံခြုံစိတ်ချရမှုရှိရန်နှင့် လုပ်ငန်းခွင်သုံး ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စစ်ဆေးရမည် ဖြစ်ကြောင်း၊ လက်ရှိ တာဝန်ခံများက မျိုးဆက်သစ်ဝန်ထမ်းငယ်များအား လက်ဆင့်ကမ်း လေ့ကျင့်ပျိုးထောင်သွားရန်နှင့် အနာဂတ်တွင် တည်ဆောက်ရန်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကြိုတင်၍ သုတေသနလုပ်ငန်းများ အမြဲမပြတ် ဆောင်ရွက်၍ ရလဒ် များအား လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ပိုမိုကောင်းမွန်အောင် အံဝင်ခွင်ကျ အသုံးချရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 05-Oct-2022
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယခုလ (၁) ရက်နေ့ မွန်းလွဲပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကြည့်ရှုစစ်ဆေး
ယခုလ (၁) ရက်နေ့ မွန်းလွဲပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ စက်ရုံလည်ပတ်မောင်းနှင်နေမှု၊ တာဘိုင် Guide Vane ပြုပြင်နေမှု၊ Stator နှင့် Rotor တို့အား Insulation Painting ပြုလုပ်ခြင်း၊ အမှတ် (၄)စက် ထိန်းချုပ်စနစ်မှ Software Upgrading ပြုလုပ်နေမှု အခြေအနေများအား စစ်ဆေးကြည့်ရှု


Read More...

Posted under : ဝန်ကြီးရုံး
: 04-Oct-2022
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် ယခု အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစနစ်များအား စစ်ဆေး
မြို့ပြဒေသရှိ နေအိမ်များ၊ ဟိုတယ်များ၊ စျေးဝယ်စင်တာများ၊ ကားပါကင်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည်တို့၏ ခေါင်မိုးများပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး Rooftop Solar Photovoltaic (PV) System များအား တပ်ဆင်အသုံးပြုခြင်းဖြင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေခြင်း၊ Solar System အတွက် မြေနေရာပေးရန် မလိုအပ်ဘဲ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ခြင်း၊ ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊


Read More...

Posted under : ဝန်ကြီးရုံး
: 03-Oct-2022
မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားခ ကြွေးကျန်များ ရာနှုန်းပြည့်အပြည့်အဝကောက်ခံရရှိရေး၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ လက်ရှိဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန် စေရေးနှင့် လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုပ်လုပ်ခြင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသောင်းဟန်သည်  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားခ ကြွေးကျန်များ ရာနှုန်းပြည့်အပြည့်အဝကောက်ခံရရှိရေး၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ လက်ရှိဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန် စေရေးနှင့် လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာ/လျှပ်စစ်အင်ဂျင်နီယာ များနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 02-Oct-2022
တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံးနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ ကြည့်ရှုလေ့လာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့နှင့်အတူ မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 02-Oct-2022