ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများအား ထောက်ပံ့ပေးနိုင်ရေး အပါအဝင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Investment Development Fund “RC Investments” တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွှန်လွှာ (Memorandum Of Cooperation) လက်မှတ်ရေးထိုး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၆.၄.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေနံဓာတ်ငွေ့ရည်(LPG)၊ ဓာတ်မြေဩဇာအပါအဝင် ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန ၏ စီမံဆောင်ရွက်ပေးမှုဖြင့် ရုရှားနိုင်ငံအခြေစိုက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နှစ် နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံသည့် သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်ရေး၊ အရည်အသွေး အာမံချက်ရရှိရေးနှင့် လမ်းခရီးလုံခြုံ စိတ်ချရမှု အာမခံချက်ရှိစေရေး၊ ရေရှည်ထောက်ပံ့ ပို့ဆောင် နိုင် ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်သွားနိုင်မည့် အစီအမံ များ ချမှတ်ခဲ့ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 20-Apr-2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဌတို့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံလျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၁၅.၄.၂၀၂၆ ရက် နေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov မှ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် အစိုးရ သစ်တစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်၏ စာမျက်နှာသစ်ဖွင့်လှစ်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရုရှားနိုင်ငံ၏ အကြံဥာဏ်၊ နည်း ပညာအကူအညီအထောက်အပံ့များ ရယူဆောင်ရွက်သွားလိုသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား ရေနံနှင့် ရေနံထွက်ပစ္စည်းများတင်ပို့နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွှန် လွှာလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အပြင် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 20-Apr-2026
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအားဆွေးနွေး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအားဆွေးနွေး
Read More...
Posted under : ဝန်ကြီးရုံး
: 20-Apr-2026
သတင်းထုတ်ပြန်ချက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂ဝ၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်ရန် အတွက် ၁၂.၄.၂ဝ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးအပြည်အပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ် များက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 20-Apr-2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန်အတွက် ရုရှားနိုင်ငံသို့ထွက်ခွာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံလျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန်အတွက် ရုရှားနိုင်ငံသို့ထွက်ခွာ
Read More...
Posted under : ဝန်ကြီးရုံး
: 20-Apr-2026