The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နောက်ဆုံးရသတင်း


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၀၈ : ၃၀ နာရီအချိန်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေး (ပေါင်းလောင်းဝန်း) အတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲ များ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 04-Jul-2021
မြန်မာ-လာအို နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး တက်ရောက်
အာဆီယံဒေသတွင်းဆိုင်ရာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ASEAN Plan of Action for Energy Cooperation (APAEC) အရ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ COVID-19 ကာကွယ်ရေး နည်းစနစ် များနှင့်အညီ Virtual Meeting ဖြင့် ကျင်းပခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 02-Jul-2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 29-Jun-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်)၊ သီလဝါဓာတ်အားပေးစက်ရုံ နှင့် ၂၃၀ ကေဗွီ သီလဝါဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၊ သီလဝါဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ သီလဝါဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 27-Jun-2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအပေါ် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှူးများမှ ခွဲရုံများ၏ ဝန်အားသုံးစွဲမှုအခြေအနေ၊ ဖြန့်ဖြူးပေးနေမှု အခြေအနေတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲလာမှုအပေါ် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှူးများမှ ခွဲရုံများ၏ ဝန်အားသုံးစွဲမှုအခြေအနေ၊ ဖြန့်ဖြူးပေးနေမှု အခြေအနေတို့ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...

Posted under : ဝန်ကြီးရုံး
: 26-Jun-2021