လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် Online မှတစ်ဆင့် ကျင်းပ ပြုလုပ်သော မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံတွင် Video Message ပေးပို့၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 30-Jan-2021
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ ၁၀:၀၀ နာရီ အချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 29-Jan-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးချုပ်ဝင်းအတွင်းတွင် တည်ဆောက်ပြီးစီးသည့် ဆေးပေးခန်းနှင့် အလုပ်ရုံသင်တန်းကျောင်းတည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၄)ရုံးဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် မြန်မာ့ရေနံဆေးပေး ခန်းနှင့် တည်ဆောက်သွားမည့် အဆောက်အအုံများအတွက် မြေနေရာများအား သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 28-Jan-2021
ပြည်သူသို့ အသိပေးတင်ပြချက်
၁။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ (COVID-19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် (၃၁-၁၂-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျော့/တိုးမြှင့်ရန် လမ်းညွှန်ထားသော ကိစ္စရပ်များမပါ)အား (၃၁-၁-၂၀၂၁) ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်သွားရန် ၂၉-၁၂-၂၀၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 27-Jan-2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း၊ Myanmar Oil and Gas Services Society (MOGSS) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် Video Message ဖြင့် အဖွင့်အမှာစကားပြောကြား
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် Myanmar Oil and Gas Services Society (MOGSS) မှ ကြီးမှူး၍ Online မှတစ်ဆင့် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
Read More...
Posted under : ဝန်ကြီးရုံး
: 24-Jan-2021